မြန်မာငွေ ၁၀ သိန်းဝန်းကျင် ဈေးနဲ့ ထွက်လာမှာပါ

Samsung Electronics ဟာ ဈေးနှုန်း ပိုသင့်တင့်တဲ့ Galaxy S20 ဗားရှင်းတစ်မျိုးကို မိတ်ဆက်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။

Samsung ဟာ Lite ဗားရှင်းအနေနဲ့ Galaxy S20 Fan Edition (FE) ‌မော်ဒယ်ကို လာမယ့်အောက်တိုဘာလထဲမှာ ဖြန့်ချိသွားမယ်လို့ Gizmochina သတင်းမှာ ဖော်ပြထားပါတယ်။ Galaxy S series ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Galaxy S10 Lite မော်ဒယ်ကို မိတ်ဆက်ခဲ့တာပါ။ Galaxy S20 FE ဟာ High-End မော်ဒယ် Galaxy S20 ၊ S20 Ultra တို့ကို ဝိတ်လျှော့ထားတဲ့ တန်ဖိုးသင့်မော်ဒယ် ဖြစ်ပါတယ်။




Photo: Engadget

ဒီဖုန်းဟာ Galaxy S20 စီးရီးစတိုင် punch-hole ကင်မရာ သုံးထားပြီး ကျောဘက်မှာ စတုဂံကင်မရာကွက်နဲ့အတူ သုံးလုံးတွဲကင်မရာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ Galaxy S20 FE ဟာ 12MP ultra-wide ၊ 12MP main sensor နဲ့ 3x optical zoom ဆွဲရိုက်နိုင်မယ့် 8MP telephoto ကင်မရာတို့ကို သုံးသွားဖို့ ရှိပါတယ်။

GalaxyClub သတင်းအရ ဒီဖုန်းဟာ 4500mAh ဘက်ထရီနဲ့ လာပြီး 5G ဖုန်းတစ်လုံးအဖြစ် မြင်ရမယ်လို့ ဆိုပါတယ်။ မျက်နှာပြင်အရွယ်အစားအနေနဲ့ ၆.၅ လက်မနဲ့ ၆.၇ လက်မအကြား ရှိမှာ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်မှာ Snapdragon 855 SoC နဲ့ မိတ်ဆက်သွားဖို့ ရှိပါတယ်။ RAM ပမာဏကိုလည်း 6GB ကနေ စတင်သွားဖို့ ရှိပြီး Android 10 ကို အခြေခံထားတဲ့ OneUI 2.5 interface နဲ့ လာမှာပါ။

Galaxy S20 FE ဟာ 120Hz display နဲ့အတူ IP68 rating ရေစိုခံမယ်လို့လည်း သတင်းတွေ ထွက်ထားပါတယ်။ တောင်ကိုရီးယားဈေးကွက်မှာ Galaxy S20 FE ကို ဝမ် ၉ သိန်း (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က