ဘုတ်အဖွဲ့တွေနဲ့လည်း တွေ့ဆုံလိုတယ်လို့ ပြောခဲ့ပါတယ်။

၆ ဂိုးပြတ်ရှုံးခဲ့တာဟာ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးအပြတ်ဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းကို ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် စိတ်ပျက်နေတဲ့ ဆာရီက ချဲလ်ဆီးဘုတ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ စကားပြောလိုနေပြီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ရဲ့ ဖုန်းခေါ်ဆိုမှုကိုလည်း စောင့်နေတယ်လို့ Sky Sport Italia သတင်းဌာနကို ပြောခဲ့ပါတယ်။ အသင်းပိုင်ရှင်ရဲ့ ဖုန်းခေါ်ဆိုမေးမြန်းမှုကို လက်ခံရမယ်ဆိုရင် သူ့အနေနဲ့ အင်မတန်မှ ပျော်ရွှင်မိမှာလို့လည်း ဆာရီက ပြောခဲ့ပါသေးတယ်။



“ ကျွန်တော့်ကိုယ်ကျွန်တော် ကောင်းအောင်နဲ့ အသင်းသားတွေကောင်းအောင် အမြဲတမ်း လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော် တောင်းပန်ပါတယ် တစ်ခုပဲ ပြောနိုင်ပါသေးတယ်။ နောက်ဆုံး ကစားခဲ့ဲ့တဲ့အဝေးကွင်း ၃ ပွဲမှာ ၃ ပွဲစလုံး ကစားပုံ ဆိုးရွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားဟန်ကို ဖော်ပြဖို့တော့ ခက်ပါတယ်၊ နားလည်ဖို့လည်း ခက်ပါတယ်၊ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာတော့ ကျွန်တော်ပျော်ခဲ့ပါတယ်။” လို့ ဆာရီက Sky Sport Italia ကိုပြောခဲ့တာပါ။

အခုလို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ ဂိုးအပြတ်ဆုံးရှုံးပွဲစံချိန်ကို တင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်တုန်းကလည်း ဘုန်းမောက်ကို ၄ ဂိုးပြတ်ရှုှုံးပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးရှုံးပွဲကို တင်ရှိထားတာ ဖြစ်ပြီး အခုတစ်ခါမှာတော့ အဆိုပါစံချိန်ကို ထပ်မံ ကျော်လွန်ခဲ့ပြန်တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဆာရီက အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးလိုနေသလို အသင်းပိုင်ရှင် အေဗရာမိုဗစ်နဲ့လည်း စကားပြောချင်နေတယ်လို့ သိရပါတယ်။

“ ကျွန်တော် ဘုတ်အဖွဲ့ဝင်တွေနဲ့ စကားပြောချင်တယ်၊ နောက်ပြီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ရဲ့ ဖုန်းခေါ်ဆိုမှုကိုလည်း စောင့်နေတယ်၊ သူ့ကို ကျွန်တော် ပြောစရာတွေရှိတယ်၊ သူသာ ဖုန်းခေါ်လာမယ်ဆိုရင် ကျွန်တော်ပျော်မှာပါ။” လို့ ဆာရီက ပြောခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ဖက် မန်စီးတီးအသင်းရဲ့ ခြေစွမ်းကိုတော့ ချီးကျူးခဲ့ပြီး သာမန်ထက် သာလွန်ကောင်းမွန်တဲ့ အသင်းတစ်သင်းကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကတော့ လာမယ့် ကြားရက်မှာ ယူရိုပါလိဂ် ရှုံးထွက်ပွဲ အဖြစ် မယ်လ်မိုအသင်းနဲ့ ကစားဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က