ဘုန်းမောက်ကို ဂိုးပြတ်ရှုံးတဲ့ပွဲအပြီးမှာ ၄၅ မိနစ်လောက် ကစားသမားတွေကို တံခါးပိတ်စစ်ဆေးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

ဇန်နဝါရီလထဲမှာ ကစားခဲ့တဲ့ ပွဲစဉ် ၈ ပွဲမှာ ၃ ပွဲရှုံးပြီး ၁ ပွဲသရေကျခဲ့ကာ အဆိုပါ ရှုံးပွဲတွေကတော့ စပါး၊ အာဆင်နယ်နဲ့ ဘုန်းမောက်အသင်းတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေဖြစ်ပါတယ်။

ဆိုးရွားနေတဲ့ အသင်းရဲ့ရလဒ်တွေအတွက် ကစားသမားတွေရဲ့ စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလို့ ချဲလ်ဆီးနည်းပြ ဆာရီက ပြောကြားလိုက်ကြောင်း Sportskeeda သတင်းဌာနက ဖော်ပြထားပါတယ်။ ဆာရီရဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲဆက် ရှုံးပွဲမရှိ ကစားထားနိုင်ခဲ့ပေမယ့်လည်း နိုဝင်ဘာလကုန်ပိုင်းလောက်မှစပြီး ရလဒ်တွေ ဆိုးရွားလာခဲ့တာပါ။



ဝုလ်၊ လက်စတာနဲ့ ဘုန်းမောက်တို့ကို ရှုံးနိမ့်ခဲ့သလို ဆောက်သမ်တန်ကိုလည်း အိမ်ကွင်းမှာ အနိုင်မရခဲ့ပါဘူး။ လက်ရှိမှာတော့ အဆင့် ၄ နေရာကို ရပ်တည်ထားနိုင်ပေမယ့် ထိပ်ဆုံးက လီဗာပူးအသင်းနဲ့ တစ်ပွဲပို ၁၁ မှတ်ထိ အမှတ်ပြတ်နေပါတယ်။

ဘုန်းမောက်ကို ၄ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာတော့ နည်းပြဆာရီက ပွဲအပြီးမှာ ကစားသမားတွေကို အဝတ်လဲခန်းအတွင်း ၄၅ မိနစ်ခန့် စစ်ဆေးမေးမြန်း ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဟတ်ဒါဖီးလ်နဲ့ပွဲမှာတော့ ၅ ဂိုးပြတ်ဖြင့် နိုင်ပွဲပြန်ရခဲ့ပြီး အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူးဟီဂူအင်ကလည်း ၂ ဂိုးသွင်းယူကာ ၎င်းရဲ့ ပရီးမီးယားလိဂ် ပထမဆုံး ဂိုးတွေကို စတင်မြင်တွေ့ခဲ့ရပါတယ်။

“ အရင်တုန်းက အကြောင်းမဟုတ်ပါဘူး၊ အခုအသင်းမှာ သဟဇာတ မဖြစ်တာတွေကို ပြုပြင်ဖို့လိုနေတာပါ။ ကျွန်တော့်ရဲ့ အဓိကပစ်မှတ်က စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြုပြင်ချင်တာပါ။ စိတ်ပိုင်းဆိုင်ရာ တိုးတက်လာပြီဆို ရင်ကျွန်တော်တို့ လိုချင်တဲ့နေရာကို အလွယ်တကူ ပြန်ရောက်ရှိနိုင်မှာပါ။” လို့ ဆာရီက ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကတော့ လာမယ့်အပတ်မှာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲကျပ်ကာလကို ဆက်လက် ဖြတ်သန်းရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ပြီးနောက် မယ်လ်မိုအသင်းနဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့်ကို ဆက်လက် ကစားရဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က