ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိ၂၀၁၉-၂၀ ဘောလုံးရာသီ နှစ်ကျော့လုံး စပါးအသင်းကို အနိုင်ရရှိထားခဲ့တာလ ည်းဖြစ်ပါတယ်။
စပါးအသင်းကွင်းလယ်ကစားသမားဖြစ်သူ ဒယ်လီအလီက ချဲလ်ဆီးအသင်းနဲ့အကြား ပြိုင်ဆိုင်မှုက အာဆင်န ယ်ထက်ပိုကြောင်း၊ ပရိသတ်တွေအကြား မြောက်လန်ဒန်ဒါဘီကပိုပြီးပြင်းထန်ပေမယ့် ကစားသမားတွေအတွ က်ကတော့ ချဲလ်ဆီးအသင်းက ခါးသီးပြိုင်ဘက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို dailymail ရဲ့ဖော်ပြချက် အရ သိရပါတယ်။
ချဲလ်ဆီးအသင်းနဲ့ စပါးအသင်းတို့ဟာ လန်ဒန်မြို့ခံအခြေစိုက်အသင်းတွေဖြစ်ပြီး အစဉ်အလာပြိုင်ဘက်ကောင်း အသင်းတွေဖြစ်ပြီး အခြားလန်ဒန်အခြေစိုက်အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်၊ ကျူပီအာတို့ကလည်း အချင်းချင်းထိပ်တိုက်တွေ့ဆုံရာတွင် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်လေ့ရှိပါတယ်။
“ ပရိသတ်တွေကတော့ အာဆင်နယ်နဲ့စပါးတို့ရဲ့ လန်ဒန်မြောက်ပိုင်းဒါဘီက ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလို့ထင် ကြပါလိမ့်မယ်။ ဒါပေမဲ့ကစားသမားတွေအတွက်ကတော့ ချဲလ်ဆီးနဲ့ပွဲကပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ အထူး သဖြင့် အာဆင်နယ်နဲ့ကြားက ပြိုင်ဆိုင်မှုထက်ပိုပါတယ်။ အရင်နှစ်တွေက စပါးအသင်းကိုကဲ့ရဲ့လှောင်ပြောင်မှု တွေကြောင့် ချဲလ်ဆီးအသင်းက ခါးသီးပြိုင်ဘက်ဖြစ်လာခဲ့တာပါ ” လို့ ဒယ်လီအလီက မှတ်ချက်ပြုပြောဆိုလို က်တာပါ။
စပါးအသင်းနဲ့ချဲလ်ဆီးအသင်းအကြား ပြိုင်ဆိုင်မှုက ၂၀၁၅-၁၆ ဘောလုံးရာသီတွင် အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ချဲ လ်ဆီး- စပါးပွဲစဉ်က သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းကြောင့် လက်စတာအသင်းချန်ပီယံဆုရရှိခဲ့ပြီးတဲ့နောက်ပိုင်းပြို င်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ခဲ့တာပါ။
လက်ရှိရာသီမှာလည်း ချဲလ်ဆီးအသင်းနည်းပြဟောင်းမော်ရင်ဟိုရောက်ရှိလာခဲ့ပြီးနောက်စပါးအသင်းနဲ့ချဲလ်ဆီး အသင်းကြား ပြိုင်ဆိုင်မှုပိုပြင်းထန်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အကြိတ်အနယ်အရှိဆုံးဖြစ်လာခဲ့ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ဘက်တွေအဖြစ် ရှိနေခဲ့တာပါ။