ဧပြီလမှာ ဖနောင့်ကြော ဒဏ်ရာရထားလို့ စက်တင်ဘာ မတိုင်ခင်အထိ အနားယူနေရသူကို ဇန်နဝါရီလတုန်းက ဘိုင်ယန်မြူးနစ်က ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့မှုကို ချဲလ်ဆီးက ပယ်ချခဲ့တာပါ။
ချဲလ်ဆီးမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တာ မှန်ကန်ခဲ့တယ်လို့ တိုက်စစ်မှူး အိုဒွိုင်းက ထုတ်ဖော်ပြောလာတဲ့ အကြောင်း BBC SPORTက ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာကမှ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ နဲ့အထက် သဘောတူညီမှုနဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာပါ။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီမှာတော့ ချဲလ်ဆီးအသင်းက ပေါင် ၃၅ သန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားတာပါ။
“ ကလပ်အသင်းက ကျွန်တော့်အတွက် ကြည့်ပြီး လုပ်ဆောင်ပေးတဲ့အပေါ် အရမ်းကျေးဇူးတင်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက် ချက်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွက် ချဲလ်ဆီးက အသင့်တော်ဆုံးလို့ အားလုံးက ပြောပါတယ်။” လို့ အိုဒွိုင်းက BBC SPORTကို ပြောပါတယ်။
အိုဒွိုင်းကတော့ ပြီးခဲ့တဲ့ ဧပြီလက ဖနောင့်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်နားခဲ့ရပြီး စက်တင်ဘာလ လောက်ကမှ ပြန်ကစားနိုင်တာပါ။
သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ ပြီးခဲ့တဲ့ ဆောက်သမ်တန်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စတင် ပါဝင်ကစားလာနိုင်တာ ဖြစ်ပါတယ်။
လာမယ့် လူဝယ်ရာသီအထိ ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံထားရတဲ့ ချဲလ်ဆီးအတွက် အိုဒွိုင်းလို ကစားသမားကို ဆက်ထိန်းနိုင်ခဲ့တာ အင်မတန် ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ခဲ့ပါတယ်။
နည်းပြလမ်းပတ်ကလည်း အိုဒွိုင်း၊မေဆန်မောင့်၊အေဘရာဟင်စတဲ့လူငယ်ကစားသမားတွေကို နေရာပေးပြီး ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ခဲ့တာကြောင့် ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုုင်ထားပါတယ်။