ချဲလ်ဆီးအနေနဲ့ အက်ဖ်အေအမျိုးသမီးစူပါလိဂ်ကို တတိယအကြိမ်မြောက်အဖြစ် ကိုင်မြှောက်နိုင်ခဲ့တာပါ။

၂၀၁၉-၂၀ ဘောလုံးရာသီအမျိုးသမီးစူပါလိဂ်ချန်ပီယံဆုအတွက် ချဲလ်ဆီးနဲ့မန်စီးတီးတို့က အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။

အက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ COVID-19 ကြောင့် ရပ်နားခဲ့ရတဲ့ အမျိုးသမီးစူပါလိဂ်ပွဲစဉ်တွေကို ဆက်မ ကစားဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ချန်ပီယံအဖြစ် ချဲလ်ဆီးအသင်းကိုသတ်မှတ်ပေးခဲ့ပြီး လီဗာပူးအသင်းကို တန်း ဆင်းအသင်းတွေအဖြစ် သတ်မှတ်ပေးခဲ့တယ်လို့ goal.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အမျိုးသမီးစူပါလိဂ်ပွဲစဉ်တွေကို ပွဲစဉ် ၁၆ပြီးကတည်းက ရပ်နားထားခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားရပ်တည်မှုအ ရ မန်စီးတီးနဲ့ချဲလ်ဆီးအသင်းတို့ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ကာ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တ က်တို့ကတော့ အဆင့်-၃နဲ့ ၄နေရာတွင်မှာ ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။



လိဂ်ကိုဖျက်သိမ်းဖို့အတည်ပြုခဲ့ပြီးနောက် လက်ကျန်ပွဲစဉ်တွေကို တစ်ပွဲတစ်မှတ်နှုန်းနဲ့သတ်မှတ်ပေးခဲ့တဲ့အတွ က် ချဲလ်ဆီးအသင်းက ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး လီဗာပူးအသင်းကတော့ ၁၄ပွဲကစားပြီးမှာ ၁ဝပွဲ ရှုံး၊ ၃ပွဲသရေ ၁ပွဲနိုင်ရလဒ်သာရရှိခဲ့လို့တန်းဆင်းခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲစဉ်တွေကို ရပ်နားထားချိန်မှာ မန်စီးတီးအသင်းက ချဲလ်ဆီးအသင်းထက် ၁ပွဲပိုကစားပြီး ရမှတ် ၁မှတ်အသာရ ကာ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ပေမယ့် တစ်ပွဲတစ်မှတ်နှုန်းသတ်မှတ်ပေးခဲ့တဲ့ အက်ဖ်အေရဲ့ဆုံးဖြတ်ချ က်ကြောင့် အမှတ်တူအနေအထားဖြစ်ခဲ့ပြီး ရဂိုးပိုင်းမှာ အသာရခဲ့တဲ့ ချဲလ်ဆီးအသင်းက ချန်ပီယံဖြစ်လာခဲ့တာ လည်းဖြစ်ပါတယ်။

ရာသီသိမ်းအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ချဲလ်ဆီး၊ မန်စီးတီးအသင်းတို့အနေနဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲဝင်ရောက် ကစားခွင့်ရရှိမှာဖြစ်ပြီး တန်းဆင်းသွားတဲ့ လီဗာပူးအသင်းရဲ့နေရာကိုတော့ အက်ဖ်အေအမျိုးသမီးချန်ပီယံရှစ် က ချန်ပီယံအက်စတွန်ဗီလာအသင်းက တန်းတက်ကစားခွင့်ရရှိမယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က