လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို နည်းပြနေပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးအသင်းမှာ ၂၀၀၁ ကနေ ၂၀၁၄ ခုနှစ်အတွင်း အသင်းအတွက် ပွဲပေါင်း ၄၂၉ ပွဲ ကစားပေးခဲ့ကာ ၁၄၇ ဂိုးအထိ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်း ဖရန့်လမ်းပတ်ဟာ အသင်းရဲ့ အမြဲတမ်း နည်းပြရာထူးအတွက် ထိပ်ဆုံးက ရေပန်းစားနေပြီလို့ Daily Mail သတင်းဌာနက ဖော်ပြထားပါတယ်။

မနေ့ညက မန်စီးတီးအသင်းကို အဝေးကွင်းမှာ ၆ ဂိုးပြတ်နဲ့ အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် အဆိုးရွားဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရအပြီးမှာ လက်ရှိ နည်းပြဆာရီရဲ့နေရာ လှုပ်ခတ်လာခဲ့တာပါ။ လက်ရှိမှာ လမ်းပတ်က ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေသူ ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ ဖြစ်လာဖို့ ရေပန်းစားနေသူ နောက်တစ်ဦးကတော့ ရီးရဲအသင်းနဲ့အတူ ၃ နှစ်ဆက် ချန်ပီယံလိဂ် ဆုဖလား ရယူထားတဲ့ ဇီဒန်းဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပတ်က ၂/၁ နဲ့ ရေပန်းစားနေတာ ဖြစ်ပြီး ဇီဒန်းကတော့ ၇/၁ သာရှိနေတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ နောက်မှာတော့ ဆာရီရဲ့ လက်ထောက်နည်းပြလုပ်နေတဲ့ ချဲလ်ဆီးကစားသမားဟောင်းလည်းဖြစ်သူ ဇိုလာက ၈/၁ နဲ့ ရေပန်းစားနေပါတယ်။ ဒီစာရင်းမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ မန်ယူအသင်းရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရတဲ့ နည်းပြမော်ရင်ဟိုလည်း ပါဝင်လာတာ တွေ့ရပါတယ်။

မော်ရင်ဟိုကတော့ ချဲလ်ဆီးအသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်သလို အသင်းနဲ့အတူ အောင်မြင်မှုတွေလည်း ရရှိထားဖူးသူ ဖြစ်ပါတယ်။

မန်စီးတီးကို ရှုံးနိမ့်အပြီးမှာတော့ နည်းပြဆာရီက သူ့အနာဂတ်က သူ့ကို မမေးရပဲ အသင်းကိုသာ မေးရမှာဖြစ် တယ်လို့လည်း မီဒီယာကို ဖြေကြားခဲ့ပါသေးတယ်။

ဒါ့အပြင် အသင်းပိုင်ရှင် အေဗရာမိုဗစ်ရဲ့ ဖုန်းနဲ့ဆက်သွယ်စကားပြောလာမှုကိုလည်း စောင့်နေသူ ဖြစ်ပြီး ဘုတ် အဖွဲ့နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ချင်နေတယ်လို့လည်း ပြောသွားတယ်လို့ Daily Mail က ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က