ယခင် terminal 2 မှာပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၁၁ လိုင်းက terminal 2 ကို ပြောင်းရွှေ့ပြေးဆွဲတာကြောင့် ခရီးသည်တွေ ဝင်ပေါက်တွေမှာ တန်းစီပြီးစောင့်ဆိုင်းနေရတာကို တောင်းပန်တယ်လို့ ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲမှုပြုလုပ်နေတဲ့ yangon aerodrome ကုမ္ပဏီကနေ ထုတ်ပြန်လိုက်ပါတယ်။
လေကြောင်းလိုင်းတွေ ပြောင်းရွှေ့တာနဲ့အတူ မနေ့ကဝါဆိုလပြည့်နေဖြစ်တာကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်ထူထပ်မှုစံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။
ခရီသည်တွေ အနေနဲ့ terminal 1 ဝင်ပေါက်တွေမှာ ကြန့်ကြာမှုတွေကြုံတွေ့ခဲ့ရပြီးတော့ တန်းစီစောင့်ဆိုင်းမှုတွေများပြားခဲ့ရတာလည်းဖြစ်ပါတယ်။
ရန်ကုန်လေဆိပ်မှာ လုံခြုံရေးစစ်ဆေးမှု ဖြတ်သန်းဖို့ ဝင်ပေါက်လမ်းကြောင်းစုစုပေါင်း ၄ ကြောင်းနဲ့ ဝန်ထမ်းအင်အားတိုးချဲ့ထားတယ်လို့ လည်းသိရပါတယ်။
ရန်ကုန်လေဆိပ်မှာ လုံခြုံရေးစစ်ဆေးမှုလမ်းကြောင်းတွေတိုးချဲ့တာ၊ ဆိုက်ရောက်ခရီးသည်တွေအတွက် ဂိတ်အသစ်ဖွင့်ထားတာ၊ လေကြောင်းနဲ့ လေဆိပ်ဝန်ထမ်းတွေအတွက် သီးသန့်ဝင်ပေါက်များထားပေးတာတွေ တိုးချဲ့ထားတယ်လို့ လည်း သိရပါတယ်။
ဒါ့အပြင် terminal 1 မှာ ဇူလိုင် လကစပြီးတော့ လေကြောင်းလိုင်း ၂၇ လိုင်းကို စတင်ဝန်ဆောင်မှုပေးထားတယ်လို့ ဆိုပါတယ်။