ကစားသမားအပြောင်းအလဲများစွာပြုလုပ်ဖို့ရှိနေတာပါ။

နည်းပြလမ်းပတ်ရဲ့ မှတ်ချက်အချို့ကြောင့် ရာသီကုန်မှာ အသင်းကနေ ရောင်းထုတ်ခံရဖို့ှရှိနေတာလည်းဖြစ်ပါ တယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်မှာ အရှက်ရှဖွယ်အရေးနိမ့်ခဲ့ပြီးနောက် ကစားသမားအပြောင်းအလဲ အချို့ပြုလုပ်ဖို့ စီစဉ်လာတဲ့ ချဲလ်ဆီးနည်းပြလမ်းပတ်ရဲ့ ဆုံးဖြတ်ချက်အချို့ကြောင့် ရာသီကုန်မှာ ဂျော်ဂျင်ဟို၊ကီ ပါတို့ကို ရောင်းချဖို့ရှိလာနိုင်တယ်လို့ သတင်းထွက်ပေါ်မှုများကို thesun က အတည်ပြုဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်အပြောင်းအရွှေ့ကာလတွင် ဘီလ်ဘာအိုအသင်းဆီကနေ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့အတူ ချဲလ်ဆီး အသင်းကို ရောက်ရှိ်လာခဲ့တဲ့ စပိန်လက်ရွေးစင်ဂိုးသမားကီပါအနေနဲ့ လက်ရှိနည်းပြလမ်းပတ်လက်ထက်တွင်ပုံ မှန်လက်စွမ်းအောက်ကျဆင်းနေခဲ့ပြီး စွမ်းဆောင်နိုင်မှုအနည်းဆုံးဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။



လက်ရှိသတင်းဖော်ပြမှုတွေအရ ချဲလ်ဆီးနည်းပြလမ်းပတ်အနေနဲ့ လာမယ့်ရာသီသစ်အတွက် အပြောင်းအရွှေ့ စီမံကိန်းအချို့အား အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ထံ တိုက်ရိုက်ပေးပို့ထားပြီးဖြစ်တယ်လို့ နီးစပ်တဲ့သတင်းရင်း မြစ်အချို့ကဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

အဓိကပွဲထွက်ဂိုးသမားကီပါဟာ၊ ဂျော်ဂျင်ဟိုတို့ဟာ နည်းပြလမ်းပတ်နဲ့အကြား သီးသန့်ဆွေးနွေးမှုများပြုလုပ်ခဲ့ တယ်လို့ သတင်းဖော်ပြမှုတွေလည်းထွက်ပေါ်နေခဲ့ပြီး အပြောင်းအရွှေ့သတင်းထွက်ပေါ်မှုတွေကိုတော့ နှစ်ဖက် လုံးက တစ်စုံတစ်ရာအတည်ပြုခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

Dailymail ရဲ့ဖော်ပြချက်မှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်နွေရာသီကစားသမားအပြောင်းအရွှေ့စျေး ကွက်ကာလအတွင်း နောက်ခံလူတွေဖြစ်တဲ့ အီမာဆန်၊ အလွန်ဆို၊ ဇူးမားတို့ကိုလည်း အသင်းကနေထွက်ခွာခွင့် ပေးဖို့ရှိနေပြီး ဂျော်ဂျင်ဟို၊ ကီပါတို့ရဲ့ အပြောင်းအရွှေ့လည်း ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ ကိုးကားသတင်း ဖော်ပြမှုတွေပြုလုပ်ထားခဲ့ပါတယ်။

Share

က္က