ကြည်နူးဖို့ ကောင်းလိုက်တာ။

ပိုးကြာဖြူခင်က ဒီနေ့မှာ သောက်ရေလိုအပ်နေတဲ့ ကျေးရွာလေးမှာ ရေသွားလှူခဲ့တယ်လို့ သိရပါတယ်။ အရမ်းခေါင်ပြီး ရေရှားတဲ့ နေရာလေးမို့လည်း အလှူရှင်တွေ လာလှူစေချင်တယ်တဲ့။

 

Photo : ပိုးကြာဖြူခင်

သရုပ်ဆောင် ပိုးကြာဖြူခင်က ဒီနေ့(မေလ၈ရက်)မှာ အရမ်းခေါင်ပြီး ရေရှားပါးတဲ့ ကျေးရွာလေးမှာ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲဒီ ကျေးရွာလေးမှာ ရေမရတာ (၅) ရက်လောက် ရှိပြီဖြစ်လို့ သူတို့ ရေသွားလှူတဲ့အချိန်မှာ အားလုံးက အရမ်းကို ဝမ်းသာနေကြတာပါတဲ့။

ဒီနေ့ ရေအလှူလေး နတွေအရမ်းပူ ဖုန်တွေထူ  လမ်းကကျဉ်းပြီး ချိုင့်တွေအရမ်းပေါလို့ လမ်းတစ်ဝက် ကားရပ်ခဲ့ရတယ် ဒီရွာလေးမှာ ရေမရတာ ၅ ရက်ရှိပြီတဲ့  ဒီနေ့မှ ရေမရရင် နက်ဖြန် ထမင်းချက်စရာတောင် ရေမရှိတော့ဘူးတဲ့ သူတို့ရဲ့ ဝမ်းသာတဲ့အပြုံးတွေက ကိုယ့်ရင်ကို ကူးစပ်စေတယ်။ ပင်လယ်အစပ်မှာမို့ ကန်ရေတွေကလဲ ရေငံတွေ သောက်လို့လဲမရ သုံးလို့လဲမရ ဝယ်သုံးဖို့တောင် ခက်ခဲတဲ့နေရာမို့ အလှူရှင်တွေ လာရင် အရမ်းဝမ်းသာကြတာတဲ့ ရေရရင် ရွှေရတာထက်တောင် ဝမ်းသာတယ်တဲ့ ပဲခူးတိုင်း ကဝမြို့နယ်ထဲက ကန်တော်ဆိုတဲ့ ရွာလေးပေါ့ “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ပိုးကြာဖြူခင်

အရမ်းခေါင်ပြီး ရေရှားတဲ့ နေရာလေးမို့ အလှူရှင်တွေကို သွားလှူစေချင်တယ်ဆိုပြီး သူမက ပြောထားပါသေးတယ်။ ပိုးကြာဖြူခင်ဟာ အခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲကနေ တဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့သူဖြစ်ပါတယ်။ သူဟာဖခင်ဖြစ်သူရဲ့ ဆုံးမစကားတွေကြောင့် ဒီထက်ပိုတော်တဲ့သူဖြစ်အောင် ကြိုးစားမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေခဲ့ဖူးပါတယ်။

Photo : ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကဘာစံအိမ်၊ မမသိမ်နဲ့အမွေဆိုင်အိမ်၊ဥယျာဉ်မှုးဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေ စတင်သိရှိတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်းကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုပိုရရှိခဲ့တာပါ။

Share

Loading Next Article...
က္က