အသင်းကနေ ထွက်ခွာနိုင်ခြေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေသူပါ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဖရက်ဒ်ဟာ အသင်းနဲ့ နောက်ထပ်တစ်ပတ် လေ့ကျင့်ရေးပြုလုပ်ဖို့အတွက် ပြင်ဆင်နေကြောင်း ပရိသတ်တွေကို အပေါင်းလက္ခဏာဆောင်တဲ့သတင်းစကားပေးပို့ခဲ့တယ်လို့ Manchester Evening News ရဲ့သတင်းအရ သိရပါတယ်။

ရှက်တာဒိုးနတ်ကြယ်ပွင့်ဟောင်း ဖရက်ဒ်ဟာ ရာသီကြိုပွဲစဉ်တော်တော်များများကို လက်ထပ်မယ့်ကိစ္စကြောင့် လွဲချော်ခဲ့ပြီး ယခုရာသီ နည်းပြဆိုးလ်ရှားရဲ့ ပရီးမီးယားလိဂ်လူစာရင်းမှာ ပါဝင်ကစားရခြင်းမရှိသေးသူ ဖြစ်ပါတယ်။

ဖရက်ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြီးခဲ့တဲ့ရာသီ နောက်ဆုံး ၃ ပွဲမှာလည်း ပါဝင်ကစားခွင့်မရရှိခဲ့သူဖြစ်ပြီး အသင်းအတွက် နောက်ဆုံးပါဝင်ကစားခွင့်ရရှိခဲ့တာကတော့ ပြီးခဲ့တဲ့ဧပြီလမှာ မန်ချက်စတာစီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ပါတယ်။

ယခုအပတ်မှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ ဖရက်ဒ်ဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်ခြေရှိတယ်လို့ သိရပြီး ဖရက်ဒ်ကတော့ ယူနိုက်တက်မှာ ၎င်းရဲ့ကံတရားပြောင်းလဲဖို့အတွက် အာရုံစိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“အားလုံး မင်္ဂလာရှိတဲ့ ရက်သတ္တပတ်ဖြစ်ကြပါစေ။ လေ့ကျင့်ရေးဆင်းကြရအောင်”ဆိုတဲ့စာသားကို ဘောလုံးပုံ၊ အသည်းပုံ၊ လက်အုပ်ချီနေတဲ့ ရုပ်ပြောင်ပုံလေးတွေနဲ့အတူ ၎င်းရဲ့အင်စတာဂရမ်စတိုရီမှာ တင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီမှာလည်း ကွင်းလယ်ဗဟိုမှာ ဖန်တီးမှုအပိုင်းနဲ့ပတ်သက်ပြီး ရုန်းကန်နေရတုန်းဖြစ်ပြီး ယခုလအစောပိုင်းမှာ ဖရက်ဒ်က အသင်းမှာအောင်မြင်မှုရရှိလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Share

က္က