မတော်တဆဖြစ်ပျက်ခဲ့တာပါ။

ချယ်ဆီးနောက်ခံကစားသမား တိုမိုရီဟာ ယခုရာသီမှာ ချယ်ဆီးအသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့လို့ ပျော်ရွှင်နေသူဖြစ်ပေမယ့် အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူငယ်ကြယ်ပွင့်ဟာ လေ့ကျင့်ရေးမှာ ဒေါသကြီးတဲ့သူလို့ နာမည်ကြီးတဲ့ အသင်းဖော်ဟောင်း ဒီယေဂိုကော်စတာရဲ့  နှာခေါင်းရိုးချိုးခဲ့မိဖူးသူဖြစ်တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဗဟိုခံစစ်ကစားသမား တိုမိုရီဟာ ချယ်ဆီးအသင်းဖော်ဟောင်း ဒီယေဂိုကော်စတာနဲ့ ချယ်ဆီးအသင်းလေ့ကျင့်ရေးကွင်း ကော့ဘ်ဟမ်မှာ မတော်တဆဖြစ်ပျက်ခဲ့ချိန်တုန်းက အသက် ၁၈ နှစ်အရွယ်သာရှိသေးတာဖြစ်ပါတယ်။



တိုမိုရီဟာ ယင်းအဖြစ်အပျက်ပြီးနောက် အသင်းဖော်တွေဆီက ကဲ့ရဲ့ပြစ်တင်စကားများစွာကို လက်ခံရရှိခဲ့ပြီး ဒီယေဂိုကော်စတာက လက်စားမချေဖို့ ဆုံးဖြတ်လိုက်တော့မှပဲ စိတ်သက်သာရာရခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော် ကျောင်းတက်နေတုန်းပဲရှိပါသေးတယ်။ ကျွန်တော် လေ့ကျင့်ရေးကွင်းမှာ လုပ်ခဲ့မိတာကို မသိခဲ့ပါဘူး။ အဲဒါက မတော်တဆဖြစ်ခဲ့တာပါ”

“ကျွန်တော်တို့ နှစ်ယောက်စလုံး ခေါင်းတိုက်ဖို့ ခုန်ခဲ့ကြပါတယ်။ ကျွန်တော်က ဘောလုံးကို နောက်လှန်တိုက်ပြီး သူက ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့တာပါ”

“ကျွန်တော် လုပ်ခဲ့တာကို နောက်နေ့ သတင်းစာတွေထဲမှာ ပါလာတဲ့အထိ မသိခဲ့ပါဘူး”

“ကျွန်တော် တမင်ရည်ရွယ်ပြီးလုပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုမျိုးတွေ ကြားခဲ့ရပါတယ်။ ဒါပေမယ့် အဲဒါက အဆင်ပြေသွားပါတယ်”

“အဲဒီဖြစ်ရပ်အပြီးမှာ သူ ကျွန်တော့်ကို လေ့ကျင့်ရေးမှာ ပိတ်မကန်ခဲ့ပါဘူး။ ကျွန်တော် နည်းနည်းတော့ နေရခက်တာပေါ့”

“ကျွန်တော် ကျောင်းပြန်သွားတော့ လူတွေက အဲဒီအကြောင်းကို မေးကြတယ်။ ကျွန်တော့်မိတ်ဆွေတွေအားလုံးက အဲဒါကို မြင်ခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တိုမိုရီဟာ အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ရဲ့ ယူရိုခြေစစ်ပွဲအတွက် ခေါ်ယူခြင်းကို လက်ခံခဲ့ပြီးနောက် အင်္ဂလန်အသင်းအတွက် ပထမဆုံး ပွဲဦးထွက်ပါဝင်ကစားဖို့ အသင့်စောင့်ဆိုင်းနေသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က