အေသင်ချိုဆွေက သရုပ်ဆောင် ခြူးလေးဘက်က ထောက်ခံထားတာတွေ့ရပါတယ်။ ခြူးလေးရဲ့ ပြဿနာက သူမရဲ့ အဖြစ်အပျက်ကို သတိရသွားစေတယ်လို့ ဆိုပါတယ်။
Photo : အေသင်ချိုဆွေ FB
အဆိုတော် အေသင်ချိုဆွေက ခြူးလေးဘက်ကနေ ဝန်းရံလိုက်ပါတယ်။ အေသင်ဟာ ချစ်သူနဲ့ လမ်းခွဲခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းစုံရှင်းပြထားတဲ့ ခြူးလေးရဲ့ ဗီဒိယိုဖိုင်ကို Share ပြီး ယခုလို ပြောထားတာပါ။
“ယောကျ်ားတွေက အဲ့ဒါဘဲလေ ၇နှစ် ၇မိုး သူတို့ဒဏ်ကို သည်းခံပေးတဲ့ဆော်ကိုကျတော့ ဘီးလူးမကြီး၊ စုန်းမကြီး၊ လူဆိုးမကြီးပေါ့၊ အခုမှစတွေ့ပြီး သူပြောသမျှသူရင်ဖွင့်သမျှ(စောက်ပိုတွေခံစားပြနေတာ)ကို နည်း၂ လေးနားထောင်ပေး၊ဘာလားဘာလား .. နှမ်းဖျူး ပေးတဲ့ စကီလေးတွေကြတော့ သူတို့ဘဝရဲ့ကျေးဇူးရှင်မကြီး ပါပေါ့၊ကယ်တင်ရှင်ကြီး (ဝမ်းတာဝူးမန်းကြီးလိုလို)သိသွားလို့ ကိုယ့်မှာရင်ထုမနာဖြစ်ပြီး ပြောမိရင်တောင် ဒင်းတို့က ကမဘက်ကနာသေးတာတော်ပြီ လက်ညောင်းလို့ ဒီလောက်ပဲကိုယ့်အဖြစ်လေးကို တဖြတ်တခက် သတိရသွားလို့ “ဆိုပြီး သူမရဲ့ ခံစားချက်တချို့ကို ရေးသာထားတာဖြစ်ပါတယ်။
Photo : ခြူးလေး FB
အေသင်ချိုဆွေ ပြောထားတဲ့ စကားလေးနဲ့ကို မိန်းကလေး ပရိသတ်တွေတေ်ာတော်များများ ထောက်ခံအားပေးထားတာလည်း တွေ့ရပါတယ်။ အေသင်ချိုဆွေဟာ Single Mother အဖြစ် ခံယူထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အေသင်ချိုဆွေက ၂၀၁၈ခုနှစ်အတွင်းမှာ ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ နယ်တွေသွားနေရသူပါ။
အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပေမယ့်လည်း အေသင်က သမီးလေး Ivy ကို မျက်စိအောက်က အပျောက်မခံတဲ့သူပါ။ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။
Photo : အေသင်ချိုဆွေ FB
သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။
အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။