ဒီလို လှအောင် သူ ဘာတွေလုပ်လဲ။

ခင်လေးနွယ်တစ်ယောက် မိန်းကလေးတိုင်း အားကျရတဲ့ သူမရဲ့ ခန္ဓာကိုယ်လှလှလေးရဖို့ ၄ လလောက် မရပ်မနား အားကစားတွေလုပ်ခဲ့ရပါတယ်တဲ့။ သူမက လက်ရှိမှာ Single ဘဝကို ခံယူထားသူလေးပါ။

Photo: Khin Lay Nwe

ဘာဝတ်ဝတ်အရမ်းလှနေတဲ့ ခင်လေးနွယ်ကို အရမ်းအားကျမိတဲ့ ပရိသတ်တွေရှိပါတယ်။ ဒါကတော့ သူမရဲ့ ခန္ဓာကိုယ်ကြောင့် ဘာဝတ်ဝတ်လှနေတာပါ။ ဒီလို ခန္ဓာကိုယ်လှဖို့ ၄ လလောက် အများကြီး ကြိုးစားခဲ့ရပါတယ်တဲ့။

‘’၄ လ လောက်မရပ်မနားဆော့ပြီး ( ခရီးထွက်တဲ့ချိန်ကလွှဲလို့) မှ ရလာတဲ့ ပြောင်းလဲမှု ကြယ်စင် gym က ဆရာ Nick ရဲ့ ချော့တစ်လှည့် ငေါက်တစ်လှည့်နဲ့ စိတ်ရှည်စွာ train ပေးတာကြောင့် ဒီလိုအနေထားလေးရလာတာပါ။ အစားအသောက်လဲ အများကြီး ဆင်ခြင်ရပါတယ်။ ဆက်လက်ပြီးတော့ ကြိုးစားသွားပါအုံးမည်’’ ဆိုပြီးတော့ မေလ ၁၅ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Khin Lay Nwe

သရုပ်ဆောင် ခင်လေးနွယ်က ချစ်သူလည်းမရှိ၊ အိမ်ထောင်ရေးကိုလည်း စိတ်ဝင်စားမှု မရှိသေးဘူးလို့ သိရပါတယ်။ ဒီအတွက် Single ဘဝ ရဲ့ အားသာချက်တွေကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’ကိုယ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဟေ့ဆိုရင် လုပ်ချင်တဲ့အရာကို ချက်ချင်း ထလုပ်လို့ရတယ်။ အိမ်ထောင်သည်တွေကျတော့ ကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုငဲ့ရတယ်။ သားသမီးတွေကို ပေးရတဲ့ အချိန်ပိုလာတဲ့ အခါကျတော့ ကိုယ်က Single ဆိုပေမယ့် သူတို့ကို နားလည်ပေးလို့ရတယ်’’ ဆိုပြီးတော့ Zoey Fashion Show ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Khin Lay Nwe

စီးပွားရေးဘက် ဦးစားပေး လုပ်ဖြစ်နေတဲ့ သူမက ဒီဇိုင်သင်တန်းလည်း တက်နေပါတယ်။ ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က