မြန်မာငွေ ၂ သိန်းကျော်ကနေ စတင်ဝယ်ယူနိုင်မှာပါ

ကုမ္ပဏီသက်တမ်း ၁ နှစ်ကျော်အတွင်းမှာ Realme ဟာ အံ့အားသင့်စရာ စမတ်ဖုန်းတွေ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

အိန္ဒိယဈေးကွက်မှာ စတင်မိတ်ဆက်လိုက်တဲ့ Realme 5 နဲ့Realme 5 Pro တို့ဟာ ဘက်ဂျက်ဈေးနဲ့လာတာပါ။ Realme ရဲ့ ဒီဖုန်းသစ်တွေဟာ ကျောဘက် ကင်မရာ ၄ လုံး ပါပြီး Pro မော်ဒယ်ကတော့ အမြင့်ဗားရှင်းအဖြစ် ထွက်လာတာ ဖြစ်ပါတယ်။

Realme 5 Pro ( Photo: xda-developers)

Realme 5 Pro ဟာ မျက်နှာပြင် ၆.၃ လက်မ 1080p LCD screen နဲ့လာပြီး waterdrop notch သုံးထားပါတယ်။ RAM/Storage မှာလည်း 4GB/64GB ၊ 6GB/64GB နဲ့8GB/128GB ဆိုပြီး စိတ်ဝင်စားစရာ ဗားရှင်း သုံးမျိုး နဲ့ထွက်ထားတာ ဖြစ်ပါတယ်။

ထူးခြားတာကတော့ mid-range processor သစ်ဖြစ်တဲ့ Snapdragon 712 SoC နဲ့လာတာ ဖြစ်ပြီး USB C port ကနေ VOOC 3.0 fast charging စနစ်နဲ့အားသွင်းနိုင်မယ့် 4035 mAh ဘက်ထရီ သုံးထားပါတယ်။ Realme 5 Pro ဟာ ရှေ့ 16MP ဆယ်လ်ဖီကင်မရာ သုံးပြီး ကျောဘက်မှာ Sony IMX586 sensor ပါ 48MP primary ကင်မရာ နဲ့အတူ ၁၁၇ ဒီဂရီ 8MP wide-angle ကင်မရာ ၊ 2MP depth ကင်မရာ နဲ့၄ စင်တီမီတာ focus ဖမ်းနိုင်မယ့် 2MP macro ကင်မရာဆိုပြီး ပါရှိပါတယ်။



Realme 5 မှာ primary ကင်မရာကို 12MP sensor သုံးထားပြီး ကျန်တဲ့ ကင်မရာ ၃ လုံးကတော့ Realme 5 Pro အတိုင်း ပါလာပါတယ်။ ရှေ့selfie ကင်မရာကတော့ Realme 5 မှာ 13MP သုံးထားပါတယ်။ ဒီဖုန်းဟာ 720p ရုပ်ထွက်နဲ့လာပြီး screen size မှာတော့ Realme 5 Pro ထက် ကြီးတဲ့ ၆.၅ လက်မ ဖြစ်ပါတယ်။

ဘက်ထရီပါဝါမှာလည်း Realme 5 ဟာ 5000 mAh အကြီးစား ပါဝါကို သုံးထားပါတယ်။ အားသွင်းတာကတော့ microUSB port ကနေ သွင်းရမှာ ဖြစ်ပြီး fast charging မရပါဘူး။ Realme 5 ဟာ Xiaomi Mi A3 ပြီးရင် Snapdragon 665 processor ကို သုံးတဲ့ ဒုတိယမြောက်ဖုန်း ဖြစ်ပါတယ်။

ဒီဖုန်းမှာတော့ RAM 3GB/32GB ၊ 4GB/64GB နဲ့4GB/128GB ဆိုပြီး မော်ဒယ် ၃ မျိုးထွက်ထားပြီး Realme 5 Pro လိုပဲ microSD card နဲ့storage ထပ်တိုးနိုင်မှာပါ။ Realme 5 နဲ့Realme 5 Pro တို့ဟာ ကျောဘက်မှာ fingerprint scanner ပါပြီး ကိုယ်ထည်ဟာ diamond cut ပုံစံနဲ့ထွက်ထားတာ ဖြစ်ပါတယ်။


Realme 5 (Photo: gsmarena)

အရောင်အနေနဲ့Realme 5 ဟာ Crystal Blue ၊ Crystal Purple ကာလာ နှစ်မျိုးနဲ့လာပြီး Realme 5 Pro ကတော့ Sparkling Blue နဲ့ Crystal Green ကာလာ ၂ မျိုးနဲ့ဝယ်နိုင်မှာပါ။ Realme 5 ကို အိန္ဒိယဈေးကွက်မှာ ၉၉၉၉ ရူပီး ( မြန်မာငွေ ၂ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး Realme 5 Pro ကတော့ ၁၃၉၉၉ ရူပီး ( မြန်မာငွေ ၃ သိန်းဝန်းကျင်) ဈေးကနေ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က