မြောက်ဦးမြို့က မြို့ဦးစေတီဖြစ်ပါတယ်။

လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မြောက်ဦးမြို့နယ် မြို့ဦးစေတီကို သရုပ်ဆောင်လွင်မိုးက ပြန်လည်ပြုပြင်သွားပါမယ်တဲ့။

Photo: Lwin Moe



ရုပ်ဆောင်လွင်မိုးက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက မြို့ဦးစေတီကို ပြန်လည် ပြုပြင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီစေတီဟာ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တာကို တွေ့ရပါတယ်။

‘’2006..ခုနှစ်မှာထီးတင်ခဲ့ပြီး 2016ခုနှစ်မှာပြန်လည်မွန်းမံခဲ့တဲ့ မြောက်ဦးမြို့ကမြို့ဦးခေါင်းစေတီ လေပြင်းတိုက်၍ အမိုးပြိုပျက် အမြန်ဆုံးပြုပြင်ရန်စီစဉ်ဆောင်ရွက်နေပါသည်’’ ဆိုပြီးတော့ မေလ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ယိုယွင်းပျက်စီးသွားတဲ့ စေတီတော်ကြီးရဲ့ ဓာတ်ပုံကိုလည်း အတူတူတင်ခဲ့တာဖြစ်ပါတယ်။

Photo: Lwin Moe

လွင်မိုးဟာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

Photo: Lwin Moe

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ လွင်မိုးက ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က