အမြန်ဆုံး ပြန်ကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။

လေတစ်ခြမ်းဖြန်းသွားတဲ့ လူရွှင်တော် ဦးပေါ်လေးဆီသို့ လူရွှင်တော် ကောင်းကျော်က သွားရောက်တွေ့ဆုံခဲ့ပြီး လိုအပ်တာသုံးဖို့အတွက် လူရွှင်တော်အသင်းကိုယ်စား ကူညီခဲ့တယ်လို့ သိရပါတယ်။

Photo : ကောင်းကျော်

လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ နာယကကြီးတစ်ဦးဖြစ်တဲ့ လူရွှင်တော်ကြီး ဦးပေါ်လေးဟာ ဘယ်ဘက်တစ်ခြမ်း လေဖြန်းသွားလို့ ဆေးကုသမှု ခံယူနေရပါတယ်။ မေလ(၁၂) ရက်နေ့က လူရွှင်တော်အသင်း(ရန်ကုန်) ကိုယ်စား လူရွှင်တော် ကောင်းကျော်ဟာ ဦးပေါ်လေးဆီ သွားရောက်တွေ့ဆုံခဲ့ပြီး ကူညီထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo : ကောင်းကျော်

“လူရွှင်တော်အသင်း(ရန်ကုန်)၏ နာယကကြီး ဟာသလူရွှင်တော်ဦးပေါ်လေးသည် ဘယ်ဘက်တစ်ခြမ်း လေဖြန်းသွားကြောင်း ကြားသိရပါ၍

လူရွှင်တော်အသင်း(ရန်ကုန်)ကိုယ်စားကူညီထောက်ပံ့ငွေ ၁ သိန်းကျပ်တိတိ သွားရောက်ကူညီထောက်ပံ့ပေးခဲ့ပါသည်” ဆိုပြီး မေလ(၁၂) ရက်နေ့က လူရွှင်တော် အသင်းရဲ့ ပြန်ကြားရေး ကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ဦးပေါ်လေးတစ်ယောက် ကျန်းမာရေး အမြန်ဆုံး ကောင်းမွန်လာဖို့ကိုလည်း ပရိသတ်တွေ ဆုတောင်းလို့ နေကြပါတယ်။ လူရွှင်တော် ပေါ်လေးဟာ သဘင်လောကမှာသာသရုပ်ဆောင် နယ်ပယ်မှာပါ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။

ူ့ရဲ့ ဟာသပြတ်လုံးတွေ အနုပညာတင်ဆက်မှုတွေဟာ ပရိသတ်တွေအတွက် ဘဝအမောတွေ ပြေစေခဲ့သူပါ။ အဲဒါကြောင့်လည်း ပရိသတ်တွေက သူ့ရဲ့ အနုပညာတင်ဆက်မှုတွေကို မြင်ချင်သေးတာကြောင့် ကျန်းမာရေး အမြန်ကောင်းလာဖို့အတွက် ဆုတောင်းပေးထားကြပါတယ်။

Share

က္က