ဒီကနေ့ပြုလုပ်တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ပြောခဲ့တာပါ။

အခြားကစားသမားတွေဖြစ်တဲ့ ခရစ်နဲ့မားကို့စ်တို့ကတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပေမဲ့ အခုချိန်ထိတော့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။



မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီအနေနဲ့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ၃ပတ်ကနေ ၄ ပတ်လောက်အထိ အနားယူရဖို့ လိုတယ်လို့ နည်းပြ ဆိုးလ်ရှားက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောခဲ့ကြောင်း BBC Sports သတင်းဌာနက ဖော်ပြလာပါတယ်။ လေ့ကျင့်ခန်းမှာ ဒဏ်ရာရသွားတဲ့ ဖယ်လိုင်နီအနေနဲ့ နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ ၃၁ မိနစ်သာ ပါဝင် ကစားပေးထားနိုင်ပါတယ်။

“ဒီသတင်းကတော့ စိတ်မကောင်းစရာပါပဲ၊ အခြား ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ခရစ်နဲ့မားကို့စ်တို့ကတော့ စတင်လေ့ကျင့်နေပါပြီ။ ဒါပေမယ့် အခုတော့ အဆင်သင့်မဖြစ်သေးပါဘူး။” လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ဒဏ်ရာကြောင့် နားနေခဲ့ရပြီး စပါးနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး ဆန်းချက်ကတော့ အသင်းနဲ့ အကောင်းဆုံး လေ့ကျင့်နေပြီး ပွဲထွက်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ မန်ယူကတော့ နည်းပြဆိုးလ်ရှားလက်ထက်မှာ ၆ ပွဲဆက်အနိုင်နဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ အဆင့် ၅ နေရာက အာဆင်နယ်နဲ့ ရမှတ်တူ အနေအထားဖြင့် ရပ်တည်နေပါပြီ။

Share

Loading Next Article...
က္က