ယခုနှစ် မီးခိုးငွေ့အခြေအနေဟာ အဆိုးရွားဆုံး ဖြစ်လာခဲ့ပါတယ်။

တောမီးလောင်မှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိတဲ့အဆင့် ဖြစ်ပေါ်နေခဲ့ရာ ဘော်နီယိုကျွန်းရဲ့ အင်ဒိုနီးရှားနိုင်ငံဘက်ခြမ်းရှိ မြို့နှစ်မြို့မှာ စာသင်ကျောင်းတွေကို တစ်ပတ်ကြာ ပိတ်ထားရမယ်လို့ သိရပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံတွေဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆီအုန်းပင်စိုက်ရန်အတွက် တောမီးရှို့ရှင်းလင်းမှုကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေကို ပုံမှန် ကြုံတွေ့နေကျဖြစ်ပါတယ်။ သို့သော် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့ကာလ ပိုမိုကြာရှည်စေခဲ့ပြီးနောက်ပိုင်း ယခုနှစ် မီးခိုးငွေ့အခြေအနေဟာ အဆိုးရွားဆုံး ဖြစ်လာခဲ့ပါတယ်။



(Photo: AFP)

ဘော်နီယိုကျွန်းပေါ်ရှိ Central Kalimantan ပြည်နယ်ရဲ့ မြို့တော် Palangka Raya မှာ လေထုညစ်ညမ်းမှု အညွန်းကိန်းဟာ ၅၀၀ သို့မဟုတ် အန္တရာယ်ရှိတဲ့အဆင့်သို့ ယမန်နေ့မှာ ရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှာ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီးဌာန အချက်အလက်တွေက ဖော်ပြပါတယ်။

လေထုညစ်ညမ်းမှု အညွှန်းကိန်းနံပါတ်ဟာ ၁၀၀ အထက်ဖြစ်ပါက ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ယမန်နေ့ (စက်တင်ဘာ ၁၅ ရက်) မှာ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားမှုအရ Palangka Raya နဲ့ Sampit မြို့များမှ စာသင်ကျောင်းတွေကို ယခုသီတင်းပတ်မှာ ပိတ်ထားမယ်လို့ သိရပါတယ်။

(Photo: Reuters)

Central Kalimantan ပြည်နယ်မှာ လေထုညစ်ညမ်းမှု ဆိုးရွားနေမှုကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်ပြင်ပ သွားလာမှုတွေကို ရှောင်ကြဉ်ကြရန် သို့မဟုတ် အပြင်ထွက်ပါကလည်း မျက်နှာဖုံများတပ်ဆင်သွားကြရန် အင်ဒိုနီးရှား အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျှော့ချရေးဌာန (BNPB) က Central Kalimantan ရှိ မြေဧက ၁၁၀,၀၀၀ ကျော်တစ်လျှောက် တောမီးငြှိမ်းသတ်ရန် ရဟတ်ယာဉ်ရှစ်စီးနဲ့ မီးသတ်သမား ၁,၅၂ ဦးတို့ဖြင့် လုပ်ဆောင်နေကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က