ရလဒ်ကိုသာ စိတ်ပူကြောင်း ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းနည်းပြ မူရီဇီယိုဆာရီဟာ ယမန်နေ့ညက အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေရဲ့ အော်ဟစ်ဆဲဆိုခြင်း၊ လှောင်ပြောင်ခြင်းတွေကို ခံခဲ့ရပြီး ဆာရီကတော့ ပရိသတ်တွေ လှောင်ပြောင်ကြတာကို ဂရုမစိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဟာရဲရား၊ ပေါ့ဂ်ဘာတို့ရဲ့ သွင်းဂိုးတွေနဲ့ ချယ်ဆီးအသင်းကို အနိုင်ရရှိပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။



စိတ်ပျက်ဒေါသထွက်နေကြတဲ့ ချယ်ဆီးအသင်းပရိသတ်တွေဟာ ‘F*** Sarri Ball’ လို့ အော်ဟစ်ခဲ့ကြပြီး ‘မနက်ကျရင် မင်းတော့ ထုတ်ခံရတော့မယ်’လို့ ဝိုင်းဝန်းအော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။

နည်းပြဆာရီက ပွဲအပြီးမှာ သတင်းထောက်တွေကို “ကျွန်တော် ရလဒ်နဲ့ပတ်သက်ပြီးပဲ စိတ်ပူပါတယ်။ ပရိသတ်တွေကို မဟုတ်ပါဘူး။ ကျွန်တော် နားလည်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရလဒ်က တကယ့်ကို မကောင်းမွန်ခဲ့လို့ပါ။ ကျွန်တော်တို့ အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပါတယ်။ အဲဒီတော့ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော် ရလဒ်နဲ့ပတ်သက်ပြီးတော့ စိတ်ပူခဲ့မိပါတယ်”

“ပရိသတ်တွေဘာတွေအော်ဟစ်သီဆိုနေကြလဲဆိုတာ ကျွန်တော် ကောင်းကောင်းမကြားနိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတရံမှာတော့ ကြားပါတယ်။ အဲဒီလိုမျိုး အရင်က တစ်ခါမှ သီချင်းအဆိုမခံခဲ့ရဖူးပါဘူး။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံးအချိန်ပါ”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က