Watch Series 3 ကိုလည်း ဈေးချထားပါတယ်

iPhone 11 သစ် သုံးမျိုး မိတ်ဆက်မှုနဲ့အတူ အရင်ထွက်ထားတဲ့ iPhone နှစ်မျိုးနဲ့Apple Watch တစ်မျိုးတို့ဈေးချပေးလိုက်ပြီ ဖြစ်ပါတယ်။

Apple ဟာ စက်တင်ဘာ၁၀ ရက်နေ့က မိတ်ဆက်ပွဲမှာ iPhone 11 ၊ iPhone 11 Pro နဲ့iPhone 11 Pro Max နာမည်တွေနဲ့ဖုန်းသစ် ၃ မျိုးကို ကြေညာခဲ့ပါတယ်။ ဒီထဲက အနိမ့်ဆုံး မော်ဒယ် iPhone 11 ဟာ အရင်နှစ်က ထွက်ထားတဲ့ iPhone XR ရဲ့ အဆက်ဖြစ်ပြီး ဈေးကလည်း base model မှာ iPhone XR ထက် ဒေါ်လာ ၅၀ ပိုနည်းပါတယ်။

Photo: The Verge

ပြောရရင် နောက်ထပ် higher ဗားရှင်း iPhone သစ် နှစ်မျိုးဟာလည်း ၂၀၁၉ မော်ဒယ်အနေနဲ့စဉ်းစားရင် ဈေးသင့်တယ်လို့ဆိုနိုင်ပါတယ်။ iPhone 11 မော်ဒယ်သစ်တွေ မိတ်ဆက်ပြီးတဲ့နောက် အရင်ထွက်ထားတဲ့ iPhone တွေထဲက iPhone XR နဲ့iPhone 8 တို့ကိုလည်း Apple ဟာ ဈေးချလိုက်ပြီ ဖြစ်ပါတယ်။ iPhone XR 64GB မော်ဒယ်ဟာ အရင်နှစ်က ဒေါ်လာ ၇၅၀ ဈေးနဲ့ရောင်းချခဲ့ပေမယ့် အခုချိန်မှာ ဒေါ်လာ ၆၀၀ ပဲ ကျသင့်တော့မှာပါ။

စပြီး မိတ်ဆက်စဉ်က ဒေါ်လာ ၇၀၀ နဲ့ရောင်းချခဲ့တဲ့ iPhone 8 ဟာ အခုဆို US ဈေးကွက်မှာ ဒေါ်လာ ၄၅၀ နဲ့ပဲ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ထုတ်ခဲ့တဲ့ iPhone 8 ဟာ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၆၀၀ discount ချပြီး ရောင်းချခဲ့ပါတယ်။ Apple ရဲ့ တတိယမျိုးဆက် စမတ်နာရီ ဖြစ်တဲ့ Apple Watch Series 3 ဟာ အခုဆို GPS မော်ဒယ်ကို ဒေါ်လာ ၂၀၀ နဲ့LTE မော်ဒယ်ကို ဒေါ်လာ ၃၀၀ ဈေး ချပေးထားပါတယ်။

Photo: The Verge

Apple Watch Series 4 ကတော့ ဆက်မထုတ်တော့ပါဘူး။ ဒီနှစ် Apple Watch သစ်ဖြစ်တဲ့ Always-on display ပါဝင်လာတဲ့ Series 5 ကတော့ Watch Series 4 အတိုင်း GPS မော်ဒယ်ကို ၃၉၉ ဒေါ်လာနဲ့ဆယ်လူလာမော်ဒယ်ကို ၄၉၉ ဒေါ်လာ ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။

Share

Loading Next Article...
က္က