နေမကောင်းလို့ ဂုဏ်ပြုပွဲတောင် မတက်နိုင်ခဲ့ဘူးတဲ့။

လေယာဉ်မှူးကြီးကို ဂုဏ်ပြုဖို့အတွက် အစအဆုံးအားတက်သရောပါဝင်ခဲ့တဲ့ နေမင်းဟာ မေလ(၁၉) ရက်နေ့က ပြုလုပ်တဲ့ ဂုဏ်ပြုပွဲကိုတော့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ရုတ်တရက်နေမကောင်းဖြစ်တာကြောင့် ဂုဏ်ပြုပွဲကို မသွားနိုင် ဖြစ်ခဲ့ရတာပါ။

Photo : နေမင်း



MNA လေယာဉ်ဖြစ်စဉ်မှာ ခရီးသည်များကို ထိခိုက်အန္တရယ် မရှိအောင် ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်မှူးဦးမြတ်မိုးအောင် အပါအဝင် လေယာဉ်အမှုထမ်း(၇)ဦးတို့ကို ဂုဏ်ပြုတဲ့ ဂုဏ်ပြုပွဲကို မေလ(၁၉) ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။ လေယာဉ်မှူးတို့ကို ဂုဏ်ပြုဖို့အတွက် အားတက်သရော ပါဝင်ခဲ့တဲ့ နေမင်းက အဲဒီ ဂုဏ်ပြုပွဲကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။နေမကောင်းလို့ ပွဲကို မတက်ရောက်နိုင်တဲ့ နေမင်းတစ်ယောက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်းမမျှော်လင့်ထားတဲ့ အဖြစ်အပျက် တစ်ခုကြောင့် နေမင်းမှာ ပျော်ရွှင်ခဲ့ရပါတယ်။အဲဒါကတော့ လေယာဉ်မှူးကြီးကိုယ်တိုင ်နေမင်းကို သတင်းလာမေးခဲ့တာကြောင့်ပါ။

Photo : နေမင်း

"အမေ မကြားတကြားလေးကျွန်တော့်ကိုလာ၍ နိုး ရှာသည်သား လေး ဦးစိုးမိုးတို့ ကိုစည်သူမောင်တို့ နဲ့လေယာဉ်မှုးကြီးရော လေယာဉ်မှုးလေးတွေရောသားလေးကို သတင်းလာမေး ကြ တယ် တဲ့လေးယာဉ်မှုးကြီးနဲ့လေယာဉ်မှုးလေးတွေကိုအဖေ ( ပါပါးကြီး ) တွေ့ခွင့်ရသလို့ကျေးဇူးတင်စကားပါပြောခွင့် လည်း ရခဲ့တယ်အမေနဲ့အကိုကြီးအမကြီး အကိုလေးတူလေးတွေနဲ့ပါ ။ ဆုံတွေ့ခွင့်ရခဲ့ခြင်းက အမှတ်တရအဖြစ်ဆုံး နဲ့ ဘဝအတွက်မမေ့နိုင်သောညဖြစ်ခဲ့ပြီ နေမကောင်းတာပင်သက်သာခွင့်ရခဲ့ပြီ” ဆိုပြီး နေမင်းက မေလ(၂၀) ရက်နေ့ မနက်အစောပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

Photo : နေမင်း

သူ့ဘဝအတွက် ဒီဖြစ်စဉ်လေးက လုံးဝကို မေ့လို့မရတော့မယ့် အဖြစ်အပျက်လေး တစ်ခုပါ။ နေမင်းဟာ MNAလေယာဉ် အက်ဆီးဒင့်မှာ ပါဝင်ခဲ့တဲ့ ခရီးသွားတစ်ဦးဖြစ်ရုံသာမက လေယာဉ်ဆင်းသက်ချိန် သူကိုယ်တိုင် ရိုက်ကူးခဲ့ဲတဲ့ ဗီဒီယိုလေးမှာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ ပျံ့နှံ့ခဲ့ပြီး သတင်းမီဒီယာတွေကတောင် ဖော်ပြခြင်း ခံခဲ့ရပါတယ်။ နေမင်းဟာ "ပြည်ထောင်စုသစ္စာ" ရိုက်ကူးစဉ်က ရခဲ့တဲ့ ရွှေဆုတံဆိပ်ကို လေယာဉ်မှူးကြီးအား ပြန်ပြီး ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့ပါသေးတယ်။

Photo : နေမင်း

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က