ခိုင်သင်းကြည်ဟာ ‘’စရိုက်’’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘဲဥမ ကာရိုက်တာအပေါ် ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူတို့ရဲ့ မှတ်ချက်ပေးထားတဲ့အကြောင်း ပြန်လည်ပြောပြလာပါတယ်။
Photo: Khine Thin Kyi
သရုပ်ဆောင် ခိုင်သင်းကြည်က ‘’စရိုက်’’ ရုပ်ရှင်ဇာတ်ကားထဲက ဘဲဥမဆိုတဲ့ ကောင်မလေးရဲ့ ကာရိုက်တာအပေါ် သူ ချစ်ရတဲ့ ခင်ပွန်းနဲ့ သူ့ရဲ့ သမီးလေးတို့က မှတ်ချက်ပေးထားတဲ့ အကြောင်းကို အခုလို ပြောပြလာပါတယ်။
‘’ထိပ်လေးကတော့ မေမေကစွယ်စုံရတယ်နော်တဲ့ (လူကြီးလူကောင်းက မှတ်ချက်ပေးတာ)။ ကိုခန့်နိုင်ကတော့ ကိုယ်အပါအဝင် ဘယ်သူမှ သတိမထားမိတဲ့အခန်း (ဒိုင်ယာလော့လဲမပါ ကိုယ်လဲ ဘာအိုက်တင်မှ မလုပ်ထားတဲ့အခန်း) မနက်ဝေလီဝေလင်း ကုန်တင်ကားကြီးပေါ်မှာ စိတ်ညစ်ပြီးအပြင်ရှုခင်းတွေကိုငေးပြီး လိုက်လာတဲ့အခန်းလေးမှာ သူ့ရင်ထဲမှာမကောင်းပြီး သနားလွန်းလို့တဲ့။ ကဲ....ချစ်ပရိတ်သတ်လဲကြည့်ပြီးရင်ခံစားချက် ဘယ်လိုလေးတွေရှိမလဲဆိုတာအရမ်းသိချင်နေပါပြီနော်။ ၃၀.၅.၁၉မှာရုံတင်မှာပါရှင်’’ ဆိုပြီးတော့ မေလ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Khine Thin Kyi
အဲဒီနောက် မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ မှတ်ချက်ပေးမှု အပေါ်မှာလည်း ခိုင်သင်းကြည်က ကျေးဇူးတင်စကား ဆက်လက်ပြောပြထားပါသေးတယ်။
"စရိုက်" ရုပ်ရှင်’’ family show မနေ့ညကကိုယ့်ရဲ့ဘဲဥမလေး ကိုလာပြီးဝန်းရံပေးကြတဲ့သူတွေ အားလုံးကျေးဇူးပါနော်။(လူစုံတော့ဓါတ်ပုံမရိုက်လိုက်ရဘူး),ကြည့်ပြီးတဲ့သူတွေအားလုံးအရမ်းကြိုက်ကြတယ်ဆိုလို့ပျော်ပါတယ်ရှင့်။တချို့ကအရမ်းငိုရတယ်။တချို့ကပြီးလို့ပြီးသွားမှန်းမသိဇာတ်ထဲမျှောသွားတယ်။ တချို့ကအရှေ့ပိုင်းမှာရီရ၊အလယ်မှာဝမ်းနည်းသနားစရာအရမ်းကောင်းပြီးဇာတ်သိမ်းမှာတော့ပျော်သွားတယ်။တချို့ကနပန်းလုံးတာတွေမိုက်တယ်၊တချို့ကတော့မခိုင်လေးရဲ့ဇာတ်ပေမဲ့တစ်ယောက်ထဲချွန်ထွက်မနေဘဲပါဝင်တဲ့သူတွေအားလုံးကသူ့နေရာနဲ့သူအပိုအလိုမရှိဇာတ်ကိုအရမ်းကောင်းအောင်ပံ့ပိုးပေးနိုင်ကြတယ်တဲ့’’ လို့ ဆိုပါတယ်။
Photo: Khine Thin Kyi
‘’စရိုက်’’ ရုပ်ရှင်ဇာတ်ကားကိုတော့ မေလ ၃၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ လူမင်း၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗို နဲ့ ခိုင်သင်းကြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲက ခိုင်သင်းကြည်ရဲ့ ကာရိုက်တာကလည်း ရပ်ကွက်ထဲမှာ ကျားကျားယားယား ကြမ်းကြမ်းတမ်းတမ်း နဲ့ ယောကျ်ားဆန်ဆန် နေတတ်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။
Photo: Khine Thin Kyi
ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။