ဘေဘီမောင်က အနုပညာနဲ့ပတ်သက်ပြီး သူမကြိုးစားခဲ့ရတဲ့ အခက်အခဲတွေအကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ် တစ်ခုကို ရောက်ရှိလို့နေပါပြီ။
Photo: Paing Soe Thu
အနုပညာလမ်းကြောင်းပေါ်မှာ ၁၀ နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီးတဲ့ သရုပ်ဆောင်ဘေဘီမောင်က လက်ရှိမှာ ပရိသတ်အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ သူမဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့အချိန်က ဘဝလေးကို သတိရတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။
‘’Star model agency ကနေသရုပ်ဆောင်တစ်ယောက် ဖြစ်အောင်လျှောက်လှမ်း ခဲ့ရတွေဘဝတွေမောပန်းလွန်းတယ်။ Modelဘဝလျှောက်လှမ်းခဲ့ရတာရိုးရှင်းသလောက်သရုပ် ဆောင်ဘဝကမာယာများတယ် တစ်ခါလေကိုယ်အစပြုခဲ့တဲ့model ဘဝလေးကိုလွမ်းတယ်။ ကျွန်မဆရာဂျွန်လွင်ရယ် Star Model Angency ကမိသားစုကိုအမြဲတမ်းသတိရနေပါတယ်။ fashion week လျှောက်တုန်းကပုံလေးတွေပါ’’ လို့ ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီ ၅၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Baby Maung
ဘေဘီမောင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို အားတဲ့အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်ပြီး လိုက်စားနေတာ တွေ့ရပါတယ်။ မိဘကိုလည်း အရမ်းသိတတ်တဲ့ သမီးလေးလိမ္မာလေး ဖြစ်ပြီး သူမဝါသနာပါရာ အနုပညာလုပ်ငန်းနဲ့မိဘကို လုပ်ကျွေးပြုစုနေသူလည်း ဖြစ်ပါတယ်။
ဘေဘီမောင်ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကား တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ ရုပ်ရှင်ဇာတ်ကား ကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင် ဆိုင်လေး ကိုလည်း ဖွင့်လှစ်ထားပါတယ်။
Photo: Baby Maung
အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။