ဇူလိုင် ၂ရက်နေ့မှာ စတင်စစ်ဆေးခဲ့တယ်လို့ တာမွေမြို့နယ်တရားရုံးကနေ သိရပါတယ်။

ဧပြီလ ၁၃ ရက်က မြန်မာဆယ်လီ 7 သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ မော်ဒယ်စူူးရှထက်ရဲ့ ရုပ်သံအင်တာဗျုးကို အဆိုတော်အစ္စဏီရဲ့ ၈ ကြိမ်မြောက်ရုံးချိန်းဖြစ်တဲ့ ဇူလိုင် ၂ရက်နေ့မှာ စတင်စစ်ဆေးခဲ့တယ်လို့ တာမွေမြို့နယ်တရားရုံးကနေ သိရပါတယ်။

 

 

အဓမ္မပြုကျင့်နှိပ်စက်ခံရကြောင်း ပြောဆိုထားတဲ့ အဲဒီ ရုပ်သံအင်တာဗျုးကို အစ္စဏီရဲ့ ရှေ့နေ့က ရုံးတော်ကို သက်သေအဖြစ်တင်သွင်းရာ ရုံးတော်က လက်ခံ စစ်ဆေးခဲ့တယ်လို့ အစ္စဏီရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

“ဧပြီ ၁၃ ရက်နေ့မှာ စူးရှထက်က ရန်ကုန်ဆေးရုံကြီးကို ရောက်နေပါတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပို့စ်ကို တင်ခဲ့တယ်။ သို့ပေမယ် အဲဒီနေ့မှာ သူဆေးရုံကို မသွားပါဘူး။ တမင်တကာ တင်ထားပါတယ်ဆိုပြီး အဲဒါကို ပေါ်လွင်အောင် စစ်ဆေးခဲ့တယ်။ နောက်တစ်ချက်က အမှန်တကယ် ခေါင်းနဲ့ ဆောင့်ခဲ့တယ်ဆိုတာ မရှိဘူး။ သူ့ရဲ့ ဒေါက်ဖိနပ်နဲ့ ခြင်ဆေးဘူးကို သူပေါက်လို့ကွဲသွားတယ်ဆိုတာ ဓာတ်ပုံမှတ်တမ်းနဲ့ တကွ တင်ပြနိုင်ခဲ့တယ်။ ကျန်တဲ့ကိစ္စတွေကို နောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးဖို့ရှိပါတယ်။အမှန်တရားကို နောက်ရုံးချိန်းမှာ ဆက်လက် ဖော်ထုတ်မယ်” လို့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

ဒီနေ့ ၈ ကြိမ်မြောက်ရုံးချိန်းမှာ တရားလိုရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်တော့ လာရောက်ခြင်းမရှိဘဲ တရားလို မော်ဒယ်စူးရှထက်သာ လာရောက်ခဲ့ပြီး တရားခွင်အပြီးပြန်ထွက်လာချိန်မှာ “တရားဥပဒေအတိုင်း ဆက်သွားပါလိမ့်မယ်လို့ “ ပြောသွားပါတယ်။  

 

နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် ဇူလိုင် ၈ ရက်နေ့ကို ချိန်းဆိုထားပြီး တရားလို စူးရှထက်ကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၇ ကြိမ်မြောက်ရုံးချိန်းမှာ မှုခင်းဆရာဝန်ကြီးကို စစ်ဆေးရာမှာ ဆေးစစ်ချက်အရ ထိုးသွင်းဒဏ်ရာနဲ့ သုတ်ပိုးမတွေ့ရှိရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

 

 

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက်အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က