သင်္ကန်း ၄၆၀ စုံဖမ်းမိခဲ့တာပါ။

မောင်တောမြို့နယ်မှာ သင်္ကန်းမျိုးစုံ ၄၆၀ စုံကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာနဲ့ ပတ်သက်ပြီး ဒီသင်္ကန်းတွေဟာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ဖို့ တစ်ဖက်နိုင်ငံကို ပို့ဆောင်တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။

Photo - ရဲဇာနည်

ဖေဖော်ဝါရီလ ၉ ရက် ည ၇ နာရီခွဲလောက်က မောင်တောမြို့နယ်၊ နယ်မြေ(၃)အတွင်း နယ်စပ်ခြံစည်းရိုးတစ်လျောက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက်နေချ်န်မှာ နယ်စပ်မှတ်တိုင်(၃၆)အနီးမှာ သင်္ကန်းတွေကို ပိုင်ရှင်မဲ့တွေ့ရှိခဲ့တာပါ။

အဲ့ဒီနားကလျှိုအတွင်း ရေပြွန်ပေါက်အနားမှာ တောတိုးသံနဲ့ စကားပြောသံများကြားရတာကြောင့် စစ်ဆေးဖို့သွားစဉ် သယ်ဆောင်လာတဲ့ ဆာလာအိတ်ထုပ်တွေကို ပစ်ချပြီး လူတချို့က ခြုံထဲကို ဝင်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အနီးအနားမှာ ဆာလာအိတ် ၉ အိတ်နဲ့ ထည့်ထားတဲ့ တံဆိပ်မျိုးစုံပါ သင်္ကန်း ၃၅၅ စုံကို တွေ့ရှိခဲ့ရပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ပတ်ဝန်းကျင်ကို ထပ်မံရှင်းလင်းစိစစ်ရာမှာ မနေ့ညက သင်္ကန်းတွေ တွေ့ခဲ့ရတဲ့နေရာရဲ့ အရှေ့မြောက်ဘက်ကိုက် ၃၀၀၀ ခန့် အကွာ ချုံအတွင်းမှာလည်း ဆာလာအိတ် ၃ အိတ်နဲ့ သင်္ကန်း ၁၀၅ စုံကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လု့ိ ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

စုစုပေါင်းသင်္ကန်း ၄၆၀ စုံကို သိမ်းဆည်းရမိခဲ့ပြီး အဲ့ဒီသင်္ကန်းတွေဟာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အခြားရည်ရွယ်ချက်တစ်ခုခုနဲ့ အသုံးချနိုင်ဖို့ တစ်ဖက်နိုင်ငံကို တရားမဝင် သယ်ယူပို့ဆောင်ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆကြောင်း ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က