မာမတ်အာလီဆိုသူရဲ့ နေအိမ်မီးဖိုချောင်အတွင်း သိမ်းဆည်းမိခဲ့တာပါ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံသုံး ပိုက်ဆံ တာကာ ၁ သန်းကျော် သိမ်းဆည်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

Photo- Ministry of Home Affairs, Myanmar



ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန်လောက်က မောင်တောမြို့နယ်၊ ရေတွင်းပြင်ကျေးရွာမှာနေထိုင်တဲ့ မာမတ်အာလီဆိုသူရဲ့နေအိမ်မီးဖိုချောင်အတွင်း မြေကြီးမှာ မြုပ်ထားတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသုံး တာကာငွေ ၅၀၀တန် ၁၄၀၈ ရွက်နဲ့၊ ၁၀၀၀ တန် ၃၀၀ ရွက်၊ စုစုပေါင်း ငွေ ၁ သန်း ၄ သောင်းတာကာကို သိမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် ရှေ့တန်းအမှတ် (၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးဝဏ္ဏစိုးအောင် ဦးစီးအဖွဲ့နဲ့ ဇီးပင်ချောင်းနယ်မြေရုံးက လဝကမှုး ဦးမောင်မောင်တို့ပါ ပူးပေါင်းအဖွဲ့ဟာ ရေတွင်းပြင်ကျေးရွာမှာနေထိုင်တဲ့ အိမ်ထောင်စု ၄၃စု၊ လူဦးရေ ၁၉၅ ဦးကို ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် အိမ်ထောင်စု ၁၃၉ နေအိမ်မှာ မာမတ်အာလီဆိုသူက စစ်ဆေးမခံဘဲ တိမ်းရှောင်နေခဲ့ကြောင်း သိရပါတယ်။

အဲဒီ ေနာက် မာမာတ်အာလီရဲ့ မိန်းမဖြစ်သူ ရော်မိဒါဘေဂေါင်နဲ့ မောင်ဖြစ်သူ မာမတ်ဇူမွတ်တို့ ၂ ဦးကို တွေ့ရှိရပြီး သူတို့ရဲ့ နေအိမ်မီးဖိုချောင်အတွင်းမှာ ငွေတွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ရော်မိဒါဘေဂေါင်နဲ့ မာမာတ်ဇူမွတ်တို့ကို ဖမ်းဆီးခဲ့ပြီး မာမတ်အာလီကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်ခဲ့ကာ သူတို့ ၃ ဦးစလုံးကို ကြိမ်ချောင်းနယ်မြေရဲစခန်း (ပ) ၂၂/၂၀၁၈၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုအက်ဥပဒေပုဒ်မ ၄၂ နဲ့ အမှုဖွင့်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က