လမ်းဘေးကွင်းစပ်ကို ပစ်ချပြီးမောင်းနှင် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

 ရခိုင်ပြည်နယ်၊မောင်တောမှာ ငရုတ်သီးခြောက်တွေနဲ့ရောပြီး သယ်လာတဲ့ သိန်း ၂၄၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ CCDAC Myanmar ကနေသိရပါတယ်

Photo- CCDAC Myanmar

ဇန်နဝါရီ ၃၀ ရက်နေ့က မောင်တော၊လှဘော်ဇားရဲကင်းစခန်းက တပ်ဖွဲ့ဝင်က လှဘော်ဇား-ကျွဲတာပြင် သွားကားလမ်းမှာ အမျိုးသားတစ်ဦးမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်က နောက်ပြန်လှည့်မောင်းနှင်သွားတာကြောင့် ရပ်တန့်စစ်ဆေးရာမှာ ဆိုင်ကယ်ပေါ်မှာ တင်လာတဲ့ အထုပ် ၁ထုပ် ကို လမ်းဘေးကွင်းစပ်ကို ပစ်ချပြီးမောင်းနှင် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဆိုပါအထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာမှာတော့ ငရုတ်သီးခြောက်တွေနဲ့ အတူရောထည့်ထားတဲ့ ပလတ်စတစ်အိတ်တွေထဲကနေ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား(ကာလပေါက်ဈေး သိန်း ၂၄၀) ဖိုးတန်ဖိုးကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ပြင်ဖြူနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က