ချယ်ဆီးကနေ ယူနိုက်တက်ကို ရောင်းထုတ်ခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မာတာက နည်းပြမော်ရင်ဟို မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် မိသားစုနဲ့ မိတ်ဆွေတွေဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်ခဲ့ကြတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

စပိန်လက်ရွေးစင်ကြယ်ပွင့်မာတာဟာ ၂၀၁၄ ခုနှစ်မှာ ချယ်ဆီးအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မော်ရင်ဟိုက မာတာကို ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။



မာတာဟာ နည်းပြလူးဝစ္စဗန်ဟားလက်အောက်မှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ နည်းပြဟောင်း မော်ရင်ဟိုနဲ့ အိုးထရက်ဖို့ဒ်မှာ ပြန်လည်ဆုံစည်းခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတာက မော်ရင်ဟို နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်မှုတွေရှိနေခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“လူးဝစ္စ ထွက်သွားပြီး မန်ချက်စတာယူနိုက်တက်နည်းပြသစ်အနေနဲ့ မော်ရင်ဟိုကို ခန့်အပ်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်”

“နောက်ရက်အနည်းငယ်အကြာမှာ ကောလာဟလတွေက အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ မော်ရင်ဟိုက ကျွန်တော့်ရဲ့နည်းပြ ထပ်ဖြစ်လာခဲ့ပါတယ်”

“ကျွန်တော့်မိသားစု၊ မိတ်ဆွေနဲ့ လူအများစုရဲ့ စိုးရိမ်ပူပင်မှုတွေရှိနေခဲ့ပေမယ့်လည်း ကျွန်တော် အမြဲတမ်း အကောင်းတွေဖြစ်လာဖို့ ကြိုးပမ်းခဲ့တဲ့အတိုင်း အခြေအနေကို ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်”

“မျှော်လင့်ထားခဲ့သလိုပဲ သတင်းတွေထဲမှာ ဇာတ်လမ်းတွေအများကြီး ထွက်လာခဲ့ပါတယ်။ ကျွန်တော် အသင်းမှာ ဆက်ရှိနေဖို့က မဖြစ်နိုင်ဘူး။ ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ အမြဲတမ်းသဘောတူညီခဲ့ပြီးသားတဲ့”

“လူတော်တော်များများက အဲဒီသတင်းတွေက အမှန်လို့ ယုံကြည်ခဲ့ကြပြီး အဆုံးသတ်ကို ရောက်ရှိလာတဲ့အချိန်မှာတော့ သူ့ရဲ့လက်အောက်မှာ ကျွန်တော့်အနာဂတ်မရှိခဲ့ဘူးတဲ့”

“ဟိုဆေးနဲ့ ကျွန်တော်က အရင်ကတည်းက ချယ်ဆီးမှာ အတူတူရှိခဲ့ကြဖူးတယ်။ ၆ လလောက် အတူတူရှိခဲ့ကြပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ကစားသမားဘဝက ဆန့်ကျင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို ဦးတည်ခဲ့တယ်”

“ဟုတ်ပါတယ်။ ကျွန်တော် ကစားချင်တဲ့အတိုင်း သူ့လက်အောက်မှာ ပွဲကစားချိန် အများကြီးမရခဲ့ပါဘူး။ ဒါမှမဟုတ် အဲဒီခြောက်လအတွင်းမှာ အသုံးပြုမခံခဲ့ရပါဘူး။ ဒါပေမယ့် ကျွန်တော် ဟိုဆေးနဲ့ ပုဂ္ဂိုလ်ရေးပြဿနာဘယ်တုန်းကမှ မရှိခဲ့ပါဘူး”လို့ မာတာက ၎င်းရဲ့ကိုယ်တိုင်ရေးအထုပ္ပတ္တိစာအုပ်ထဲမှာ ရေးသားထားပါတယ်။

Share

Loading Next Article...
က္က