မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ မော်ရင်ဟိုနဲ့ အငြင်းပွားဖို့ကို ငြင်းပယ်ခဲ့ပြီး ဝက်စ်ဟမ်းနဲ့ပွဲစဉ်က အသင်းရဲ့စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့တဲ့ မော်ရင်ဟိုအနေနဲ့ ၎င်းရဲ့အမြင်ကို ပြောပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး ယူနိုက်တက်က ဆိုးလ်ရှားကို နည်းပြအဖြစ် အစားထိုးခဲ့တာဖြစ်ပြီး မော်ရင်ဟိုက ၎င်းကိုင်တွယ်ခဲ့တဲ့အသင်းဆီကနေ ဘာတိုးတက်မှုမှ မမြင်ခဲ့ရကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုက ဝက်စ်ဟမ်းအသင်းအိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ ဘာမှ အကောင်းမြင်စရာမရှိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြဆိုးလ်ရှားက ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ တစ်နည်းနည်းနဲ့ဖြစ်စေ သွားနိုင်လိမ့်မယ်လို့ ခံစားနေခဲ့ရတာဖြစ်ပြီး မော်ရင်ဟိုရဲ့ မကောင်းမြင်လွန်းတဲ့သဘောထားကို သဘောမတူညီခဲ့တာဖြစ်ပါတယ်။
“သူ့ရဲ့ အတွေးအမြင်ကို သူ ပြောပိုင်ခွင့်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကျွန်တော်တို့ ဒီမှာ ရှုံးနိမ့်ခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနေရာက အမြဲတမ်း ကစားဖို့ ခက်ခဲတဲ့နေရာဖြစ်ပြီး ကျွန်တော်တို့ လုပ်ခဲ့တာထက် ပိုကောင်းမွန်အောင် လုပ်နိုင်ခဲ့သင့်တယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ပိုကောင်းမွန်လာဖို့ မျှော်လင့်ပါတယ်”
“ဒါပေမယ့် အဓိကအခိုက်အတံံ့တွေမှာ သူတို့ အမိအရဆုပ်ကိုင်နိုင်ခဲ့ပြီး ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူးလို့ပဲ ကျွန်တော် ပြောရမှာပါ။ ကောင်းမွန်တဲ့ဘယ်ခြေ ၂ ဖက်ကနေ ကောင်းမွန်တဲ့အဆုံးသတ်မှု ၂ ခုပြုလုပ်နိုင်ခဲ့ပြီး ကျွန်တော်တို့ အခွင့်အရေးရခဲ့တဲ့အချိန်မှာ အခွင့်အရေးမယူနိုင်ခဲ့ပါဘူး”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။