Sky Sports က နှိုင်းယှဉ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်ရှားအတွက်တော့ ဂုဏ်ယူစရာမှတ်တမ်းတွေ ဖြစ်လာခဲ့ပြီး အသင်းကို သူ့လက်ထက်မှာ တိုးတက်လာအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းမှာ မော်ရင်ဟိုရဲ့ နေရာမှာ အစားထိုးကိုင်တွယ်ဖို့ ခန့်အပ်ခံခဲ့ရတဲ့ ယူနိုက်တက်ယာယီနည်းပြဆိုးလ်ရှားဟာ သူ့လက်ထက်မှာ ယူနိုက်တက်ကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ စုစုပေါင်း (၁၀)ပွဲ ကိုင်တွယ်ခဲ့ရာမှာ ဆိုးလ်ရှားက (၉)ပွဲအနိုင်ရအောင် ကိုင်တွယ်ပေးထားပြီး တစ်ပွဲသာ သရေကျခဲ့ပါတယ်။

ဘန်လေနဲ့ (၂-၂) ဂိုးစီ သရေကျခဲ့တဲ့ တစ်ပွဲသာ ဆိုးလ်ရှားအတွက် ရလဒ်မကောင်းခဲ့တာဖြစ်ပြီး ကျန်ပွဲအားလုံးကို အနိုင်ရလဒ်ထွက်ပေါ်အောင် ကိုင်တွယ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ Sky Sports က ပြုလုပ်ခဲ့တဲ့ ဆိုးလ်ရှား နဲ့ မော်ရင်ဟိုတို့ရဲ့ မှတ်တမ်းချင်း ပြိုင်ဆိုင်မှုမှာ ဆိုးလ်ရှားက အသာစီးရရှိခဲ့ပြီး သူ့လက်ထက်မှာ အသင်းကို တိုးတက်စေခဲ့တာကို အထင်အရှားတွေ့ခဲ့ရပါတယ်။

ဆိုးလ်ရှားက ယူနိုက်တက်ယာယီနည်းပြဘဝမှာ နိုင်ပွဲ (၈၇.၅)%အထိ ရရှိထားပြီး တစ်ပွဲကို ပျမ်းမျှ ၂.၇၅ မှတ်ထိ ရရှိခဲ့ကာ မော်ရင်ဟိုကတော့ နိုင်ပွဲ (၄၁.၂)%သာ ရရှိခဲ့ပြီး တစ်ပွဲကို ပျမ်းမျှရမှတ် (၁.၅)မှတ်သာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားရဲ့ အသင်းက တစ်ပွဲကို ပျမ်းမျှ(၂.၇၅)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး မော်ရင်ဟိုလက်ထက်မှာ ယူနိုက်တက်တိုက်စစ်က တစ်ပွဲကို (၁.၇)ဂိုးနှုန်းသာ သွင်းယူနိုင်ခဲ့ပါတယ်။

ခံစစ်မာစတာလို့ ခေါ်ဆိုကြတဲ့ မော်ရင်ဟိုဟာ ဒီရာသီမှာ အသင်းခံစစ်ပိုင်း ဆိုးဝါးစွာ ကျဆင်းမှုကို ရင်ဆိုင်ခဲ့ရပြီး တစ်ပွဲကို ၁.၇ ဂိုးနှုန်း ခွင့်ပြုခဲ့ရပြီး ဆိုးလ်ရှားလက်ထက်မှာ တစ်ပွဲကို (ဝ.၈)ဂိုးနှုန်းသာ ခွင့်ပြုခဲ့ရတာကလည်း ထူးခြားချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါဟာ ဆိုးလ်ရှားအတွက်တော့ ဂုဏ်ယူစရာမှတ်တမ်းတွေ ဖြစ်လာခဲ့ပြီး အသင်းကို သူ့လက်ထက်မှာ တိုးတက်လာအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ မန်ချက်စတာယူနိုက်တက်အသင်းက အမြဲတမ်းနည်းပြ မခန့်အပ်ရသေးပဲ အဆိုပါရာထူးနေရာအတွက် ဆိုးလ်ရှားကို ယူနိုက်တက်ကစားသမားဟောင်းတွေက ထောက်ခံမှုတွေ ရှိနေကြပြီ ဖြစ်ပါတယ်။ ဆိုးလ်ရှားကိုယ်တိုင်ကလည်း ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြ ရာထူးကို ရယူဖို့ ဆန္ဒရှိတယ်လို့ ဝန်ခံထားခဲ့ပါတယ်။ ဒါကြောင့် ရာသီကုန်မှာ ဆိုးလ်ရှားက ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြ ဖြစ်လာမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က