လီဗာပူးလ်ကို အရေးနိမ့်ပါက ထုတ်ပယ်ခံရဖွယ်ရှိနေတာပါ။

လီဗာပူးလ်နဲ့ ကစားရမယ့် ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပါက သူ့ရဲ့ရာထူးနေရာ မတည်မြဲမယ့် အခြေအနေကို ဆိုးလ်ရှားက စဉ်းစားတွေးပူးနေတာလည်းဖြစ်ပြီး အဆိုပါပွဲက သူ့အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လာဖွယ်ရှိနေပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအိုလီဂန်နာဆိုးလ်ရှားဟာ သူ့ရဲ့ ရာထူးနေရာအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ လီဗာပူးလ်နဲ့ ကစားရမယ့် ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပါက သူ့ရဲ့ရာထူးနေရာ မတည်မြဲမယ့် အခြေအနေကို ဆိုးလ်ရှားက စဉ်းစားတွေးပူးနေတာလည်းဖြစ်ပြီး အဆိုပါပွဲက သူ့အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လာဖွယ်ရှိနေပါတယ်။

ဆိုးလ်ရှားလက်ထက်မှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နှစ်ပေါင်း ၃၀အတွင်း အဆိုးဝါးဆုံးရာသီအစနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ၄၆ နှစ်အရွယ် နော်ဝေလူမျိူးနည်းပြက သူ့ကို ထုတ်ပယ်ဖို့အတွက် အသင်းရဲ့ဒုဥက္ကဌဝုဒ်ဝက်ဒ်က ဖိအားပေးလာမှာကိုလည်း ထိတ်လန့်နေပြီး လီဗာပူးလ်နဲ့ပွဲကို အသေအကျေကစားပြရတော့မှာဖြစ်ပါတယ်။

နယူးကာဆယ်ကို အရေးနိမ့်ခဲ့အပြီးမှာ ယူနိုက်တက်က တန်းဆင်းဇုန်အသင်းနဲ့ ၂မှတ်သာကွာဟတော့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ လီဗာပူးလ်က ဒီရာသီပွဲတိုင်းကို အနိုင်ရရှိထားပြီး ၁၇ပွဲဆက်တိုက် နိုင်ပွဲစံချိန်နဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက အန်ဖီးလ်မှာ လီဗာပူးလ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြမော်ရင်ဟို ထုတ်ပယ်ခံခဲ့ရသလို ဆိုးလ်ရှားအနေနဲ့လည်း မော်ရင်ဟိုရဲ့ ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာလည်း ချယ်လ်ဆီးနဲ့ပွဲကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နောက်ပိုင်းပွဲစဉ်တွေမှာ ယူနိုက်တက်က တစ်ဂိုးထက်ပိုမသွင်းနိုင်ခဲ့ပဲ တိုက်စစ်အခက်အခဲတွေ ရှိနေခဲ့ပါတယ်။

နောက်ဆုံးထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ အသင်းတာဝန်ရှိသူတွေက ဆိုးလ်ရှားအပေါ် အပြည့်အဝထောက်ခံပေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ကို အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ ဆိုးလ်ရှားအပေါ် ဘုတ်အဖွဲ့ရဲ့ သည်းခံနိုင်စွမ်းက ကုန်ဆုံးနိုင်ဖွယ်ရှိနေပြီး ရာထူးကဖယ်ရှားနိုင်တယ်လို့လည်း သတင်းတွေက ထွက်ပေါ်နေပါသေးတယ်။

Share

Loading Next Article...
က္က