၄ ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးလ်ဟာ ဗလင်စီယာအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ သရေကျခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အရှက်ရစေသူလို့ စွပ်စွဲခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်း ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး နည်းပြမော်ရင်ဟိုရဲ့နည်းပြသက်တမ်းတစ်လျှောက်မှာလည်း ပထမဆုံးအကြိမ်အဆိုးရွားဆုံးနိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

gettyimages-1044036540 (1).jpg

Photos: Metro

နည်းပြမော်ရင်ဟိုဟာ အသင်းရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနဲ့လည်း ဆက်ဆံရေးပြိုကွဲနေပြီး ဗလင်စီယာအသင်းနဲ့ပွဲစဉ်အတွင်း ကစားကွက်ညွှန်ကြားမှုပြုလုပ်ရာမှာတောင် နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ မိုက်ကယ်ကားရစ်ကနေတစ်ဆင့် ပေါ့ဂ်ဘာကို ညွှန်ကြားစေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

မန်ယူအသင်းရဲ့ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးက မော်ရင်ဟိုဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ ထိုက်တန်နေပြီလို့ ယုံကြည်နေပြီး မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အရှက်ရအောင် ပြုလုပ်နေသူဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Photos: BBC

 

"စနေနေ့ပွဲအပြီး သူ အသင်းမှာဆက်ရှိနေသေးတာ ကျွန်တော် ဒီနေရာမှာထိုင်ရင်း တော်တော်အံ့အားသင့်မိပါတယ်"

"သူ သတင်းစာရှင်းလင်းပွဲမှာ ကွိုင်တွေရှာတယ်။ ကစားသမားတွေနဲ့ ဘုဘောက်ကျတယ်။ သူ့အပေါ်ကလူတွေနဲ့ရောပဲ။ သူ့ရဲ့ပါးစပ်က စည်းမဲ့ကမ်းမဲ့ဗရမ်းပတာနဲ့ လျှောက်ပြောပြီး အသင်းကို အရှက်ရအောင်လုပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

အလက်ဆစ်ဆန်းချက်ဇ်ဟာ ယမန်နေ့ညက ဗလင်စီယာအသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ပွဲထွက်ကစားသမားစာရင်းမှာ ပြန်လည်ပါဝင်ခွင့်ရရှိခဲ့ပြီး ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့မာရှယ်ကတော့ အရန်ခုံကနေသာ လူစားဝင်ကစားခဲ့ရပါတယ်။

Share

Loading Next Article...
က္က