အာဆင်နယ်ဘက်ကို ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးစာရင်းမှာလည်း အဆင့်၄နေရာမှာရပ်တည်နေပါတယ်။

စနေနေ့ညက အာဆင်နယ်ဘက်ကို ပင်နယ်တီကနေတဆင့်ချေပဂိုးသွင်းယူနိုင်ခဲ့တဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ မြောက်လန်ဒန်ဒါဘီရဲ့ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ပရီးမီးယားလိဂ်တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ premierleague.com ရဲ့ဖော်ပြချက်အရသိရပါတယ်။

အာဆင်နယ်နဲ့စပါးတို့ရဲ့မြောက်လန်ဒန်ဒါဘီဟာ လန်ဒန်ဒါဘီပွဲစဉ်တွေထဲမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲစဉ် ဖြစ်ပါတယ်။ နှစ်ဖက်အသင်းပရိသတ်တွေနဲ့ကစားသမားတွေအကြားမှာ ဆုဖလားတွေသာမကပဲ ကစားသမားချင်းမှတ်တမ်းတွေကိုပါ ပြိုင်ဆိုင်ပြောဆိုလေ့ရှိပါတယ်။ စနေနေ့က,ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာတော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ အာဆင်နယ်တိုက်စစ်မှူးတွေထက်သာလွန်တဲ့ မှတ်တမ်းစံချိန်ကောင်းတစ်ခုကို ရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။



ဟယ်ရီကိန်းဟာ စနေညကပွဲမှာ အာဆင်နယ်အသင်း အာရွန်ရမ်ဆေးရဲ့သွင်းဂိုးနဲ့ဦးဆောင်နေချိန်မှာ ချေပဂိုးကို ပင်နယ်တီကတဆင့်သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဟယ်ရီကိန်းအတွက် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ကိုးပွဲမြောက်မှာကိုးဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင်ဒီသွင်းဂိုးဟာ မြောက်လန်ဒန်ဒါဘီသမိုင်းတလျှောက်သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်စေခဲ့တဲ့သွင်းဂိုးဖြစ်ခဲ့ပါတယ်။

မြောက်လန်ဒန်ဒါဘီရဲ့ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ အာဆင်နယ်ရောစပါးမှာပါ ကစားခဲ့ဖူးတဲ့ အဒီဘာယောက ၁၃ပွဲကစား၊ သွင်းဂိုး ၈ဂိုး၊ အာဆင်နယ်ကစားသမား ရောဘတ်ပီရက်စ်က ၁၁ပွဲကစား၊ သွင်းဂိုး ၇ဂိုး၊ အာဆင်နယ်ကစားသမား သီယာရီအွန်နရီက ၁၀ပွဲကစားသွင်းဂိုး ၅ဂိုး၊ စပါးကစားသမားဟောင်း ဂါရတ်ဘေးလ်က ၁၀ပွဲကစား၊ သွင်းဂိုး ၅ဂိုး၊ အာဆင်နယ်ကစားသမားဟောင်း ဗန်ပါစီက ၁၄ပွဲကစား၊ သွင်းဂိုး ၅ဂိုးနဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။


ဟယ်ရီကိန်းဟာ အာဆင်နယ်အသင်းဘက်ကို ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ကစားသမားစာရင်းမှာလည်း အဆင့် ၄နေရာမှာရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ထုတ်ပြန်ချက်အရ အာဆင်နယ်ဘက်ကို ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့တိုက်စစ်မှူးတွေစာရင်းမှာ ဝိန်းရွန်နီက ၁၂ဂိုး၊ ရော်ဘီဖောင်လာက ၁၀ဂိုး၊ ပီတာခရော့ချ်က ၉ဂိုး၊ ဟယ်ရီကိန်းက ၉ဂိုး၊ ဒရော့ဂ်ဘာက ၈ဂိုး၊ အဂူရိုက ၈ဂိုး၊ ဖာမီနိုက ၈ဂိုး၊ တက်ဒီရှရဂမ်က ၈ဂိုးနဲ့ ရပ်တည်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က