အာဆင်နယ်နဲ့စပါးအသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်-၄ အဖြစ် ရင်ဆိုင်ကြမှာပါ။

ပရီးမီးယားလိဂ်ပွဲစဉ်- ၄ ရဲ့စနေညပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ နိုင်ပွဲပျောက်ဆုံးခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူး၊ မန်စီးတီးတို့ကတော့ ရလ ဒ်ကောင်းတွေဆက်ပြီးရနေဆဲပါ။ အသင်းင ယ်အချို့ရဲ့ မထင်မှတ်ထားတဲ့ ခြေစွမ်းကောင်းကြောင့် အသင်းကြီးအချို့အခက်တွေ့ခဲ့ရတာကလည်း ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပွဲစဉ် တွေဆိုတာ သက်သေပြနေခဲ့ပါတယ်။

တနင်္ဂနွေပွဲစဉ်မှာတော့ အသင်းကြီးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်- စပါးထိပ်တိုက်တွေ့ဆုံမှုကလည်း တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းနေ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၃ မှာပြိုင်ဘက်တွေကို ကိုယ်စီအရေးနိမ့်ခဲ့တဲ့ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုက ပြိုင်ဆိုင်မှုအမြင့်ဆုံးမှာရှိနေမှာပါ။ လန်ဒန်ဒါဘီမှာ အပြင်းထန်ဆုံးပွဲစဉ်လို့ ပြောလို့ရတဲ့ မြောက်ပိုင်းဒါဘီပွဲစဉ်မှာ အသာရသွားမယ့်အသင်းက စပါး လား….. အာဆင်နယ်လားဆိုတာကတော့ . . .။

အာဆင်နယ် Vs စပါး

ထိပ်တိုက်တွေ့ဆုံမှု

  • စပါး ၁-၁ အာဆင်နယ်
  • အာဆင်နယ် ဝ-၂ စပါး
  • အာဆင်နယ် ၄-၂ စပါး
  • စပါး ၁-၀ အာဆင်နယ်
  • အာဆင်နယ် ၂-၀ စပါး

အာဆင်နယ်အသင်း၏ နောက်ဆုံး ၃ပွဲရလဒ်

  • လီဗာပူး ၃-၁ အာဆင်နယ် (ပရီးမီးယားလိဂ်)
  • အာဆင်နယ် ၂-၁ ဘန်လေ (ပရီးမီးယားလိဂ်)
  • နယူးကာဆယ် ဝ-၁ အာဆင်နယ် (ပရီးမီးယားလိဂ်)

စပါးအသင်း၏ နောက်ဆုံး ၃ပွဲရလဒ်

  • စပါး ဝ-၁ နယူးကာဆယ် (ပရီးမီးယားလိဂ်)
  • မန်စီးတီး ၂-၂ စပါး (ပရီးမီးယားလိဂ်)
  • စပါး ၃-၁ အက်စတွန်ဗီလာ (ပရီးမီးယားလိဂ်)

နှစ်ဖက်အသင်းသတင်းများ

  • အာဆင်နယ်အနေနဲ့ ခံစစ်ကစားသမားအချို့ဒဏ်ရာရရှိနေခြင်း၊ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိနေခြင်းတို့ေ ကြာင့် အခက်တွေ့နေ။
  • စပါးအသင်းအနေနဲ့ ဗာတွန်ဂန်၊ အဲရစ်ဆင်တို့နှစ်ဦးလုံးကို ပွဲထွက်ကစားသမားစာရင်းမှာ အသုံးပြုဖွယ် ရှိနေခဲ့။
  • အာဆင်နယ်နည်းပြအနေနဲ့ ၄-၂-၃-၁၊ ၄-၃-၁-၂ ကစားကွက်အခြေခံကို အသုံးပြုဖို့ရှိနေပြီး လာကာဇ က်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖွယ်ရှိ။
  • စပါးတိုက်စစ်ကို ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ အဓိက ဦးဆောင်လာဖို့ရှိနေပြီး လာမယ်လာ၊ ဟယ်ရီ ဝင်ခ့်တို့ပါဝင်လာဖွယ်ရှိနေ

ပွဲကြိုအချက်အလက်

  • အာဆင်နယ်အနေနဲ့ စပါးကိုရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၁၀ပွဲမှာ ၂ပွဲသာနိုင်ထားပြီး ၃ပွဲရှုံး ၅ပွဲသရေကျထားခဲ့။
  • စပါးအသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့အိမ်ကွင်းကို သွားကစားခဲ့တဲ့နောက်ဆုံး ၂၆ပွဲမှာ ၁ပွဲသာနိုင် ခဲ့ဖူးပြီး ၁၀ပွဲသရေ ၁၅ပွဲရှုံးပြီး ၂၀၁၀ နောက်ပိုင်းအနိုင်ရရှိထားခြင်းမရှိ။
  • အာဆင်နယ်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၁၁ပွဲမှာ အနည်းဆုံးသွင်းဂိုး ၂ဂိုးရခဲ့တဲ့ပွဲက ၁၀ပွဲ အထိရှိနေ။
  • အစဉ်အလာအရ ပြိုင်ပွဲစုံနောက်ဆုံး ၁၇၂ပွဲထိပ်တိုက်တွေ့ဆုံထားရာမှာ အာဆင်နယ်က အကြိမ်၇၀နိုင်၊ သရေ ၄၈ ကြိမ်ကျခဲ့ပြီး စပါးက ၅၄ကြိမ်ပြန်အနိုင်ရထား။

ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရာ/ပွဲပယ်

  • အာဆင်နယ် - ဘယ်လာရင်၊ မာ့ဗ်ရိုပါနို့စ်၊ တီယာနေးလ်၊ အိုဇေးလ်
  • စပါး             - အမ်ဒွန်ဘီလီ၊ ဆက်ဆဂနွန်၊ ဒီရာ၊ ဝေါ်လ်ကာပီတာ

မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်

  • စပါးတို့ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ နယူးကာဆယ်နဲ့ပွဲမှာ ၄မှတ်ရထားတဲ့အတွက် ရုန်းကန်ရဖို့ရှိနေပါတယ်။ အာဆင်နယ်ကလည်း လီဗာပူးနဲ့ပွဲမှာထင်သလောက် အလုပ်မဖြစ်ခဲ့ဘူး။ စပါး အသင်းအတွက်ကတော့ အဲရစ်ဆင် အပေါ်မှာမူတည်နေခဲ့တယ်။

ခန့်မှန်းရလဒ်

  • အာဆင်နယ် ၁-၁ စပါး

 

 

Share

Loading Next Article...
က္က