ဒီနေ့ည (ရး၀၀)နာရီမှာ ကစားသွားကြမှာပါ။

ဒီနေ့ညက (ရး၀၀)နာရီမှာတော့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် မြောက်လန်ဒန်ဒါဘီပွဲဖြစ်တဲ့ စပါး နဲ့ အာဆင်နယ်တို့ရဲ့ ပွဲကို ကစားကြမှာ ဖြစ်ပါတယ်။ ထိပ်ဆုံးအသင်းနဲ့ (၉)မှတ်အထိ ကွာဟသွားပြီး ဆုဖလားမျှော်လင့်ချက်မှေးမှိန်ခဲ့တဲ့ စပါးဟာ တတိယနေရာအတွက် အာဆင်နယ်ရဲ့ ခြိမ်းခြောက်မှုကိုပါ ခံနေရပြီး သူတို့နှစ်သင်းကြား ရမှတ် (၄)မှတ်သာ ကွာဟတော့လို့ ဒီပွဲမှာသာ အရေးနိမ့်ခဲ့ရင် အဆင့် (၃)နေရာအတွက်ပါ ဖိအားဝင်လာမှာ ဖြစ်ပါတယ်။ ဒါဘီပွဲဖြစ်တာနဲ့အညီ အကြိတ်အနယ်ရှိလာမယ့် ဒီပွဲအတွက် ပွဲကြိုသတင်းအချက်အလက်တွေကို Duwun Sports ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။



နှစ်ဖက်အသင်း ဒဏ်ရာရ/ပွဲပယ်သတင်း

- စပါးမှာ ဗာတွန်ဂန် နဲ့ ဟယ်ရီဝင့်ခ်တို့ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။ ဟယ်ရီဝင့်ခ်က တင်ပါးဒဏ်ရာရနေတယ်လို့ သိရပါတယ်။

-အက်ဇ်ပီလီကွီတာနဲ့ ဖြစ်ပျက်ခဲ့တဲ့ ပြသနာအတွက် အရေးယူခံရမှုကနေ ကင်းလွတ်ခဲ့တဲ့ ဟယ်ရီကိန်း ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။

- ဒယ်လီအလီကတော့ ဒဏ်ရာရှိနေဆဲဖြစ်ပြီး ဒီယာကလည်း ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ဦးမှာပါ။

- အာဆင်နယ်မှာ အသင်းခေါင်းဆောင် ကိုစီယယ်နီ ပါဝင်ဖို့ မသေမချာဖြစ်နေပါတယ်။

- ညာနောက်ခံလူ လက်စတိုင်နာ ပါဝင်ဖို့ အမ်မရီက မျှော်လင့်နေပြီး ဖျားနာနေတဲ့ မိတ်လန်းနေးလ်လည်း ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းများ

- အာဆင်နယ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းနောက်ဆုံး (၇)ပွဲမှာ စပါးက (၅)ပွဲအထိ အနိုင်ရခဲ့ပြိး တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့ပါတယ်။

- အာဆင်နယ်အနေနဲ့ ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် တစ်ရာသီအတွင်း စပါးကို နှစ်ကျော့စလုံး အနိုင်ရတဲ့ လေးကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်လာမှာဖြစ်ပါတယ်။

- ဒီပွဲဟာ ဝင်ဘလေမှာ (၅)ကြိမ်မြောက်တွေ့ဆုံတဲ့ ပွဲဖြစ်ပြီးတော့ စါပးက (၂)ပွဲနိုင်ထားပြီး တစ်ပွဲသရေ၊ တစ်ပွဲအရေးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်ကို အနိုင်ရခဲ့မယ်ဆိုရင် ဒါဟာ ဝင်ဘလေမှာ အာဆင်နယ်ကို (၃)ပွဲအထိ အနိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် စပါးက ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

- ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ စပါးဟာ ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက် အရေးနိမ့်ထားခြင်းမရှိခဲ့ပါဘူး။

- အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆)ပွဲမှာ ငါးပွဲအထိ အနိုင်ရထားခဲ့ပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း

ပေါလ်မာဆွန်ခန့်မှန်းချက်

ဗုဒ္ဓဟူးနေ့ကပွဲက စပါးအတွက် တော်တော်လေးဆိုးရွားခဲ့ပါတယ်။ ဟယ်ရီကိန်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလို့ ခင်ဗျားယူဆပြီး ချယ်လ်ဆီးနဲ့ စပါးပွဲကို အင်္ဂလန်မှာ သွားကြည့်ခဲ့မယ်ဆိုရင် ခင်ဗျားရဲ့ ယူဆချက် တော်တော်လေးမှားယွင်းတယ်ဆိုတာကို

မြင်တွေ့ရမှာပါ။ တစ်ပွဲလုံးမှာ သူက ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ သူ့ရဲ့ ဒဏ်ရာပြသနာတွေက ရုန်းမထွက်နိုင်သေးဘူးလားဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ တော့တင်ဟမ်အနေနဲ့ အာဆင်နယ်နဲ့ပွဲမှာလည်း အကောင်းဆုံးကစားနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီပွဲကို သရေလောက်ပဲ သူတို့ကစားနိုင်မှာပါ။ စပါး ၂-၂ အာဆင်နယ်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က