မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ အမက (၂) မူလတန်းကျောင်းမှာ ဒီနေ့ သြဂုတ်လ ၂၇ ရက် မနက် ၁၁ နာရီလောက်က မီးရှို့မိုင်းဆင်ထားတယ်ဆိုပြီး ခြိမ်းခြောက်မှုကြောင့် မိုင်းရှင်းလင်းရေးတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ကျောင်းမြင်ကွင်း
“ကျောင်းကိုမီးရှို့မယ်၊ မိုင်းဆင်ထားတယ်” လို့ ဝိုက်ဘုတ်မှာ စာရေးခြိမ်းခြောက်ထားပြီး ကျောင်းနေရာတစ်ဝိုက်မှာလည်း စားသုံးဆီတွေ ဖြန်းထားလို့ ရဲတပ်ဖွဲ့ က ပြုလုပ်ခဲ့တယ်လို့ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ကနေသိရပါတယ်။
အခုတော့ ရှာဖွေရေးတွေ ပြုလုပ်ခဲ့ပြီး လုံခြုံစိတ်ချရတဲ့ အနေအထား ရှိနေပြီလို့ အခင်းဖြစ်နေရာကိုရောက်နေတဲ့ ဒေသခံကိုမြင့်စိုးက Duuwn ကိုပြောပါတယ်။
အဲ့ဒီလိုခြိမ်းခြောက်စာရေးထားတဲ့အပြင် ကျောင်းမှာဆရာမတစ်ဦးထားတဲ့ ငွေငါးသိန်းလည်း ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် ကျောင်းသားမိဘတွေက စိတ်ပူပြီး ကလေးတွေကို ကျောင်းကနေ အိမ်ကို ပြန်လည်ခေါ်ဆောင်သွားကြပြီလို့ သိရပါတယ်။