ဆေးရုံကိုသွားရာလမ်းမှာ ဖြစ်ပွားခဲ့တာပါ။

ပေါင်ကနေ အလုပ်လုပ်တဲ့ ဆေးရုံကိုအသွား လားရာတူလာတဲ့ (၁၂)ဘီးကားကို ကျော်တက်ရာမှာ မလွတ်ဘဲနဲ့ ကားမှာချည်ထားတဲ့ကြိုးနဲ့ငြိပြီး ကုန်တင်ကားနောက်ဘီးအောက်ကိုရောက်သွားတာဖြစ်တယ်လို့သိရပါတယ်။

photo- ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

ဒီကနေ့ အောက်တိုဘာလ(၁၇)ရက်နေ့ မနက်(၈)နာရီဝန်းကျင်လောက်က မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြီးကားဝင်းရှေ့မှာ သူနာပြုဆရာမတစ်ဦးမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ဟာ ကုန်တင်ယာဉ် (၁၂) ဘီးယာဉ်အောက်ရောက်ရှိသွားပြီး ကားနောက်ဘီးနဲ့ကြိတ်မိကာ ဆိုင်ကယ်မောင်းနှင်လာသူသေဆုံးခဲ့တယ်လို့သိရပါတယ်။ သေဆုံးသွားတဲ့ သူနာပြုဆရာမက မော်လမြိုင် ရခိုင်ကုန်းပေါ်မှာရှိတဲ့ ချမ်းမြေ့ဂုဏ်ပုဂ္ဂလိက ဆေးရုံမှာ အလုပ်လုပ်တဲ့ သူနာပြုတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

“ ဖြစ်တာက ဒီနေ့မနက် (၈)နာရီ (၅)မိနစ်လောက်မှာဖြစ်တာ။ ကျွန်တော်တို့က ဆိုင်ကယ်မှောက်တယ်လို့ပဲသိတာ။ အခင်းဖြစ်တဲ့နေရာကိုရောက်သွားတော့မှာ ကားနဲ့အခုလိုဖြစ်တယ်ဆိုတာကိုသိတာ။ သူနာပြုဆရာမက ပေါင်ကနေပြီး သူအလုပ်လုပ်တဲ့ဆေးရုံကိုအသွား။ လားရာတူလာတဲ့ (၁၂)ဘီးကားကို သူကကျော်တက်တာမှာ မလွတ်ဘဲနဲ့ ကားမှာချည်ထားတဲ့ကြိုးနဲ့ငြိပြီး ကြိုးက သူ့ကိုကားဘီးအောက်ထဲဆွဲချသလိုဖြစ်သွားတာ။ အဲဒီမှာ ကားအောက်ရောက်ပြီး နောက်ဘီးနဲ့ကြိတ်မိသွားတာ” လို့ အခင်းဖြစ်နေရာကို သွားရောက်ကူညီဆောင်ရွက်ပေးတဲ့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ကိုဘိုဘိုဝင်းက Duwun ကိုပြောပါတယ်။

photo- ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

သေဆုံးသွားတဲ့ သူနာပြုဆရာမဟာ အသက် (၂၀)သာရှိသေးတယ်လို့ သိရပါတယ်။ “ ဖြစ်စဉ်အရကြည့်မယ်ဆိုရင် ကုန်တင်ကားက သူ့ဘာသာလမ်းမှန်ကို မောင်းနှင်နေတာကြာင့် ယာဉ်ငယ်ကမှားပေမယ့် အမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတွေကပဲ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်တယ်” လို့လည်း ကိုဘိုဘိုဝင်းပြောပါတယ်။

မနေ့က အောက်တိုဘာလ(၁၆)ရက်နေ့ကလည်း လှိုင်းဘွဲ့မြို့နယ်မှာ အသက်(၂၇)နှစ်အရွယ် ကျောင်းဆရာမတစ်ဦးလည်း ဆိုင်ကယ်တိမ်းမှောက်ရာကနေ လမ်းကြိတ်စက် ကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က