ဒီဇင်ဘာ ၂၇ ရက် ဒီမနက် ၇ နာရီလောက်က စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅.၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။
Photo - မိုးလေဝသနှင့် ဇလဗေဒညွှန့်ကြားမှုဦးစီးဌာန
ဒီဇင်ဘာ ၂၇ ရက် မြန်မာစံတော်ချိန် မနက် ၇ နာရီ ၅၀ မိနစ်အချိန်မှာ တမူးမြေငလျင်စခန်းရဲ့ အရှေ့တောင်ဘက် ၅၈ မိုင်လောက် ကွာဝေးတဲ့ မော်လိုက်မြို့ အရှေ့တောင်ဘက် ၁၇ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၅.၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက် မနေ့ကလည်း ဂန့်ဂေါမြို့အနီးမှာ အင်အားရစ်ချ်တာစကေး ၃.၉ အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်လှုပ်သွားခဲ့ပါတယ်။