နေခြည်ဦးက သူမရဲ့ နှာခေါင်းပေါ်မှာရှိတဲ့ စာနီအမှတ်နဲ့ ပတ်သက်ပြီး သိမ်ငယ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောလာပါတယ်။ သူမလိုပဲ သိမ်ငယ်တတ်တဲ့ ပရိသတ်တွေအတွက် အားပေးစကားပြောခဲ့ပါတယ်။
Photo: Nay Chi oo
သရုပ်ဆောင် နေခြည်ဦးက သူ့ရဲ့ မွေးရာပါ စာနီအမှတ်နဲ့ ပတ်သက်ပြီး ရင်ဖွင့်ပြောပြလာပါတယ်။ ဒီ အမှတ်ပေါ်မှာလည်း သိမ်ငယ်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့တယ်လို့ သူကဆိုပါတယ်။
‘’နေခြည့်မွေးရာပါ စာနီအမှတ်နဲ့ပတ်သက်ရင် ငယ်စဉ်က အရမ်းသိမ်ငယ်ခဲ့ရသူပါ။ကျောင်းမှာဆို "ရေနွေးပူလောင်တာလား "၊ "အထိုးခံထားရတာလား" ၊ "နှာခေါင်းကြီးကနီနေတယ် ဘာဖြစ်တာလဲ" စသဖြင့် ကိုယ့်ရဲ့သိမ်ငယ်မှုကို ရိုက်ချိုးစေတဲ့ မေးခွန်းတွေ အများကြီး မေးခံရပါတယ်။’’ ဆိုပြီးတော့ မတ်လ ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Nay Chi Oo
အဲဒီနောက် ဒီလို ကဲ့ရဲ့တဲ့ ပတ်ဝန်းကျင်ကြားကနေ သူမ ရုန်းထွက်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြထားပါသေးတယ်။ ဒီ အမာရွတ်ဟာ သူမအတွက် အားတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
‘’မေးနေတဲ့သူရဲ့ စိတ်ထဲမှာ ဒါတကယ်သူစိတ်ပူပြီး မသိလို့မေးတာလား သိရဲ့နဲ့ ကဲ့ရဲ့ချင်လို့မေးတာလားကို ခွဲခြားလာနိုင်တယ်လေ။ တကယ်မသိလို့မေးတဲ့သူတွေဆို နေခြည် နေခြည့်ဖြစ်တည်မှုက်ုသေချာရှင်းပြတယ်။ကဲ့ရဲ့ချင်တဲ့ လူတစ်စုအတွက်တော့ ကိုယ်က ဒီကနေ ပိုက်ဆံရနေတယ်ဆိုတာ သူတို့မသိပါလားဆိုပြီး
ပွင့်ပွင့်လင်းလင်းပြောရရင် သနားတတ်လာတယ်။ မျက်နှာဆိုတာ လူတစ်ယောက်ရဲ့ first impression ဘဲလေ။ ဒီလိုနေရာမှာ စာနီမှတ်အကြီးကြီးပါနေတဲ့ နေခြည်တောင် ဒါတွေက်ု ကျော်လွှားနိုင်ရင် ကိုယ့်ရဲ့ဖြစ်တည်မှု uniqueness ကို အတွေးအခေါ်ဉာဏ်ပညာ နည်းတဲ့ သူတွေရဲ့ ခပ်ညံ့ညံ့ ကဲ့ရဲ့မှုတွေ အတွက် ဘဝမှာ အချိန်လဲမပေးနဲ့ နေရာလဲမပေးပါနဲ့’’ လို့ ဆိုပါတယ်။
Photo: Nay Chi Oo
နေခြည်ဦးလိုပဲ အားနည်းချက်ကို ဖိနှိပ်ခံနေရတဲ့ ပရိသတ်တွေကိုတော့ သူမရဲ့ အတွေ့အကြုံတွေနဲ့ အားပေးစကားပြောဆိုထားပါတယ်။
‘’တူညီတဲ့အရာတွေထဲကမှ မတူညီတာ တစ်ခုုက ထူးခြားတဲ့ အလှတရားပါ။ ပုံုမှန်တွေထဲက ကွဲထွက်နေတာကမှ ဒါဆွဲဆောင်မှု တစ်ခုုပါ။ ဒီအလှကို အရင်ဆုံးကိုယ်ကိုယ်တ်ုင်မြင်ပြီး #selflove လုပ်တတ်ရမယ်နော်။ နောက်တစ်ခါ ကိုယ့်အမာရွတ်နဲ့ ပတ်သက်ပြီး ကဲ့ရဲ့ခံရရင်"နှာခေါင်းမှာ စာနီနဲ့ နေခြည်ဦးကို သိတယ်မှတ်လား။ အေးငါလည်း သူ့လို ကိုယ့်အမာရွတ်ကိုကိုယ်ချစ်ပြီး အဲ့ဒါနဲ့ တစ်နေ့ ပိုက်ဆံရှာမှာ" လို့ ချေပြီးပြန်ပြောလိုက်စမ်းပါ’’ ဆိုပြီးတော့ ဆက်လက်ရေးသားထားပါသေးတယ်။
Photo: Nay Chi Oo
နေခြည်ဦးကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊ ‘’အောက်ဖဲမလှန်ကြေး’’ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးကလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ ပရိသတ်အရှေ့ကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။