“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းမှာ ဖြစ်ပါတယ်။ မြွေအစစ်နဲ့ ရိုက်ကူးရေးလုပ်နေရလို့ နေခြည်ဦးတစ်ယောက် အရမ်းကို ကြောက်နေတာနော်။
Photo : နေခြည်ဦး
နေတိုးနဲ့အတူ ရုပ်ရှင်တွဲရိုက်နေတဲ့ နေခြည်ဦးက ဒီနေ့မှာ မြွေအစစ်ကြီးနဲ့ ရိုက်ကူးရေးလုပ်ခဲ့ရပါတယ်။ နေခြည်ဦးတစ်ယောက် မြွေကြီးကို ကြည့်ပြီး အရမ်းကို ကြောက်နေတာပါ။ မြွေကိုကြည့်ပြီး ကြောက်နေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း သူမရဲ့ Stories မှာ တင်ထားတာ တွေ့ရပါတယ်။
Photo : နေခြည်ဦး
နြေခည်ဦးက လက်ရှိမှာ သရုပ်ဆောင်နေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ 7Sense Production က ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦး နဲ့ မေဘရဏီသော် တို့က အဓိက ပါဝင်သရုပ်ဆောင်နေပါတယ်။ မေလ ၃၀ ရက်နေ့မှာလည်း သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ဧည့်သည်’’ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသတော့မှာပါ။
Photo : နေခြည်ဦး
သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။
နေခြည်ဦးက အခုဆိုရင်တော့ အနုပညာလောကထဲမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ သူမဟာ ‘’ဧည့်သည်’’ ၊ ‘’အောက်ဖဲမလှန်ကြေး’’၊ ‘’ ကိုယ်ပွား’’၊ ‘’ရန်သူ’’၊ စတဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။