Robotaxi Service ကို တရုတ်နည်းပညာလုပ်ငန်းစု Baidu က ဟူနန်ပြည်နယ်ရဲ့ မြို့တော် Chaungsha မှာ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Baidu ရဲ့ Apollo Robotaxi ဝန်ဆောင်မှု ပထမအသုတ်အဖြစ် မောင်းသူမဲ့တက်စီ ၄၅ စီးနဲ့ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့South China Morning Post က ဖော်ပြထားပါတယ်။ ဟူနန်ပြည်နယ် Chaungsha မြို့ရဲ့ လမ်းတွေပေါ် စမ်းသပ်မယ့် ကားတွေဟာ တရုတ်ကားကုမ္ပဏီ FAW Group နဲ့ဖက်စပ်ထုပ်ထားတဲ့L4 Hongqi EV ကားတွေ ဖြစ်ပါတယ်။
Photo: CNMO
ဒီ robotaxi တွေဟာ လမ်းနဲ့ယာဉ်ကြောအခြေအနေတွေကို အခြေခံပြီး လမ်းပြောင်းတာ အပါအဝင် ဉာဏ်ရည်မြင့် ကိုယ်တိုင်မောင်းစနစ်တွေ ပါဝင်မှာပါ။ Baidu က သုံးထားတဲ့ မောင်းသူမဲ့ကားတွေဟာ အနားက ကားတွေရဲ့ လှုပ်ရှားသွားလာမှုကိုပါ လေ့လာပြီး အလိုအလျောက် ရှောင်ရှားနိုင်မယ်လို့ဆိုပါတယ်။
လောလောဆယ်မှာတော့ robotaxi တိုင်းမှာ ခရီးသည်ဘေးကင်းစေဖို့အကူယာဉ်မောင်းတစ်ဦးထားပေးထားပါတယ်။ Apollo Robotaxi ဝန်ဆောင်မှုအနေနဲ့Changsha မြို့တွင်း စတုရန်းကီလို ၇၀ ကီလိုမီတာ pilot zone အတွင်း ပြေးဆွဲမှု မလုပ်ခင်မှာ ကနဦးအနေနဲ့ကီလိုမီတာ ၅၀ စပြီး ပြေးဆွဲဖို့မျှော်မှန်းထားတယ်လို့ဆိုပါတယ်။
Photo: SCMP
"Chaungsha မှာ လုပ်တဲ့ စမ်းသပ်မှုကတော့ Apollo Robotaxi ရဲ့ သုတေသနဲ့ဖွံ့ဖြိုးမှုတိုးတက်မှုဟာ ဈေးကွက်ဝင်အဆင့် ရောက်နေပြီလို့လက်တွေ့ပြသလိုက်တာပါပဲ။ " လို့Baidu ရဲ့ ဒုဥက္ကဌနဲ့ဉာဏ်ရည်မြင့်မောင်းနှင်မှုအဖွဲ့ အထွေထွေ မန်နေဂျာဖြစ်သူ လီဇန်းယုက ဆိုပါတယ်။
ယခုလဆန်းပိုင်းကလည်း Didi Chuxing နဲ့မောင်းသူမဲ့ကားဆိုင်ရာ startup တစ်ခု ဖြစ်တဲ့ AutoX တို့ဟာ ၂၀၁၉ နှစ်ကုန်နဲ့၂၀၂၀ နှစ်ဆန်းပိုင်းမှာ ရှန်ဟိုင်းမှာ မောင်းသူမဲ့တက္ကစီဝန်ဆောင်မှု စတင်သွားမယ်လို့ ကြေညာထားပါတယ်။ Pony.ai နဲ့WeRide ကားနည်းပညာလုပ်ငန်းတို့ဟာလည်း အလိုအလျောက်မောင်းနှင်နိုင်တဲ့ ယာဉ်တွေကို စမ်းသပ်မှု လုပ်ဆောင်ထားပါတယ်။