ရွှေထူးတစ်ယောက် ပြောစရာ စကားတောင် မရှိဘူးဖြစ်နေရှာတာ။

အလှူအတန်းတွေ ပြုလုပ်ပြီး အိမ်အပြန် ညပိုင်းအချိန်လေးမှာ ရွှေထူးကို ချစ်သူလေး ရွှေမှုံက မွေးနေ့ Surprise လေး လုပ်ပေး ခဲ့တာ တွေ့ရပါတယ်။ ရိုမန့်တစ် ဆန်ဆန် ပြုလုပ်ပေးခဲ့တဲ့ မွေးနေ့ Surprise ကြောင့် ရွှေထူးတစ်ယောက် အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။



 

စက်တင်ဘာ(၁၉) ရက်နေ့က အဆိုတော် ရွှေထူးရဲ့ မွေးနေ့ပါ။ သူ့ရဲ့ မွေးနေ့လေးမှာ ချစ်သူနဲ့ အတူ မွေးနေ့အလှူတွေ ပြုလုပ်ခဲ့ပါတယ်။ အသက်(၂၆)နှစ်ပြည့် မွေးနေ့အလှူအဖြစ် (၈၉)မိုင်မှာရှိတဲ့ မိဘမဲ့ ဂေဟာမှာ ရွှေထူးရဲ့ အမာခံပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့အတူ ချစ်သူကောင်မလေးနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အလှူအတန်းတွေ ပြုလုပ်ပြီး အိမ်အပြန် ညပိုင်းအချိန်လေးမှာ ရွှေထူးကို ချစ်သူလေး ရွှေမှုံက မွေးနေ့ Surprise လေး လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ ချစ်သူရွှေထူးအတွက် မွေးနေ့ Surprise ပြုလုပ်နေချိန်မှာ ရွှေမှုံက Live လွှင့်ခဲ့တာပါ။ ဆိုင်တစ်ဆိုင်ရဲ့ အခန်းတစ်ခန်းမှာ ရွှေထူးမွေးနေ့အတွက် ပန်းပွင့်လေးတွေနဲ့ အသည်းပုံလေးဖော်ထားကာ ရိုမန့်တစ် ဆန်ဆန် လေး ပြုလုပ်ပေးထားတာတွေ့ရပါတယ်။

ရွှေမှုံရဲ့ မွေးနေ့ Surprise ကြောင့် ရွှေထူးတစ်ယောက် ပြောစရာ စကားမရှိလောက်အောင်ကို အံ့သြမှင်သက်နေတာကို Live ထဲမှာ တွေ့ရ ပါတယ်။ ဒါ့အပြင် ရွှေမှုံပေးလိုက်တဲ့ မွေးနေ့လက်ဆောင်ကို မြင်ပြီး ရွှေထူးတစ်ယောက် အရမ်းကို ပျော်သွားခဲ့ပါတယ်။ ရွှေထူးအရမ်းကို လိုချင်နေတဲ့ ဖိနပ်ကလေးနဲ့ အိတ်ကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ရွှေထူးတစ်ယောက် ရွှေမှုံရဲ့ မွေးနေ့လက်ဆောင်တွေကြောင့် အရမ်းကိုေ ပျာ်ရွှင်အံ့သြခဲ့ပါတယ်။ပရိသတ်တွေကလည်း ရွှေထူးအနေနဲ့ အရမ်းကို ချစ်တတ်တဲ့ ချစ်သူလေး ရထားတဲ့အတွက် ကံကောင်းတယ်ဆိုပြီး မှတ်ချက်လေးတွေ ပေးထားတာတွေ့ရပါတယ်။

 

ဝေဖန်မှုတွေကြားထဲကနေ ခိုင်မာတဲ့ ချစ်ခြင်းသံယောဇဉ်လေးနဲ့တည်ဆောက်ထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အချစ်ရေးက အရမ်းကို ပျော်ရွှင်စရာကောင်းလှပါတယ်။ အချစ်က ထူးဆန်းမှုတွေရှိသလို ရွှေမှုံပစ်သွားမယ်ဆိုရင်တောင် ချစ်နေမယ်ဆိုတဲ့ ရွှေထူးရဲ့ ချစ်ခြင်း မေတ္တာကလည်း အရမ်းကို အံ့သြဖို့ကောင်းလှပါတယ်။

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်သလို အဲ့ဒီဇာတ်ကားရိုက်ကူးရင်းနဲ့ သူတို့နှစ်ယောက် ကြိုက်သွားခဲ့တာ ဖြစ်ပါတယ်။

 

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က