ပန်းချီပြပွဲကိုတော့ ''အနှစ်'' လို့ အမည်ပေးထားပါတယ်။

မေမြန်မာခေတ် နဲ့ မေမြန်မာသစ်တို့ရဲ့ အသက် ၂ နှစ်ပြည့် မွေးနေ့ အမှတ်တရ အနေနဲ့ အဘိုးဖြစ်သူ ဦးဇော်ဝင်းက ‘’အနှစ်’’ ဆိုတဲ့ ပန်းချီပြပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြေးလေးတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ဖြစ်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပြလာပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ က အဆိုတော်လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေ တို့ရဲ့ အမြွှာသမီးလေးတွေ ဖြစ်ကြတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ အသက် ၂ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ခေတ်နဲ့ သစ်တို့ရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ အဘိုးဖြစ်သူ ဦးဇော်ဝင်းက ‘’ အနှစ်’’ ပန်းချီပြပွဲကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။



‘’ မြေးလေးတွေက အရမ်းကံကောင်းတယ်။ သူတို့က မွေးလာကတည်းက အစစအရာရာပြည့်စုံလာခဲ့တာ။ သူတို့ မွေးတဲ့နေမှာဆို သူတို့အတွက် ဘာအပူအပင်မှ မဖြစ်ရပဲ အန်ကယ်လ် တို့ စိတ်ချမ်းသာခွင့်ရခဲ့တယ်။ အရမ်းပျော်စရာကောင်းတယ်။ သူတို့ကို ဂရုစိုက်ကြတာကလည်း အခုချိန်ထိပဲ။ အဲ့ဒီအတွက်လည်း ဝမ်းသာပီတိဖြစ်ပြီးတော့ ဂုဏ်ယူရတယ်’’ လို့ ဆိုပါတယ်။

ဦးဇော်ဝင်းဟာ အဆိုတော် ချစ်သုဝေ နဲ့ ချစ်ဆုဝေ တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ သမီး နှစ်ယောက်ကို ကောင်းကောင်းမွန်မွန် ထိန်းကျော်ငးခဲ့တာ ဖြစ်တဲ့အတွက် မြေးလေးတွေကိုလည်း ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်စေချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

‘’ အန်ကယ့်အနေနဲ့ပြောရမယ်ဆိုရင် အန်ကယ့် သမီး နှစ်ယောက်စလုံးကို သေသေချာချာ ထိန်းကျောင်းလာခဲ့တာပေါ့။ ချစ်သုဝေ၊ ချစ်ဆုဝေပါ။ ချစ်သုဝေနဲ့ လင်းလင်းကျမှ သားသမီးတွေကို မထိန်းသိမ်း နိုင်ဘူး ဆိုရင်တော့ သူတို့ မှားတာဖြစ်မှာပေါ့။ ဒါကြောင့် မြေးလေးတွေကလည်း လမ်းကြောင်းမှန်ပေါ်မှာပဲ ရောက်ဖို့ များပါတယ်’’ လို့ ဇန်နဝါရီလ ၁၉ ရက်နေ့က ခေတ်နဲ့ သစ် တို့အတွက်အမှတ်တရလုပ်ပေးတဲ့ ပန်းချီပြပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ခေတ် နဲ့ သစ် တို့ ညီအစ်မ နှစ်ယောက်ကိုတော့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်က ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ လင်းလင်းနဲ့ ချစ်သုဝေ တို့ ဇနီးမောင်နှံက အမည်ပေးထားပါတယ်။

လက်ရှိမှာတော့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ ညီအစ်မ နှစ်ဦးကို ချစ်တဲ့ ပရိသတ်တွေက အများကြီးပါ။ တစ်နေ့ ထက် တစ်နေ့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားကြတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ အဲ့ဒီနောက် ခေတ် နဲ့သစ် နာမည်နဲ့ ဖောင်ဒေးရှင်းလည်း တည်ထောင်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က