အသက်က ၂ နှစ်ကျော်လေးပဲရှိသေးတာပါ။

လဝန်းလေးကတော့ မေမေသက်မွန်မြင့်ကို အမြဲတမ်း စတတ်၊ နောက်တတ်သူလေးပါ။ တစ်ခါတလေမှာလည်း လူကြီးလေးလိုပဲလို့ သက်မွန်မြင့်က ပြောပါတယ်။

Photo: Thet Mon Myint

သက်မွန်မြင့်တစ်ယောက် အနုပညာအလုပ်တွေ များနေတဲ့အချိန်မှာ သားနဲ့ သမီးလေးတို့ရဲ့ အပြုအမူလေးတွေကြောင့် အမောပြေရတယ်လို့ ဆိုပါတယ်။ အခုလည်း သူမရဲ့ သမီးငယ်လေး လဝန်းမေရဲ့ စတတ်၊ နောက်တတ်ပုံတွေကို ပြောပြလာပါတယ်။

‘’အမလေး မလဝန်းမေရယ်။ ငါ့ ရောင်းစားတော့မလားပဲ။ ၂ နှစ်မခွဲသေးဘူးဟယ်။ အတတ်က လွန်အားကြီး။ ၂၄ နာရီ ကင်မရာ ဖွင့်ထားရမလိုပဲ.. မှတ်တမ်းတင်ဖို့ကို’’မေလ ၂၂ ရက်နေ့ ည ၁၀ နာရီ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဓာတ်ပုံရိုက်နေတဲ့ မေမေ့ကို မျက်နှာပြောင်နေတဲ့ လဝန်းလေးရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: Thet Mon Myint

သမီးလေး လဝန်းမေရဲ့ လည်ကြောင်း၊ တတ်ကြောင်းတွေကိုလည်း မကြာခဏ သက်မွန်မြင့်က ပြောပြလေ့ရှိပါတယ်။ လူလည်မလေး လဝန်းကိုလည်း ပရိသတ်တွေက တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

'' အငယ်လေးက မိန်းကလေးဆိုတော့ မိန်းကလေးရဲ့ သဘာဝက သွက်တယ်လေ၊ အတတ်မြန်တယ်။ အကုန်နားလည်ပြီးတော့ သူ့ပုံစံ ကိုက လူကြီးပုံစံလေးဖြစ်နေတာ။ သူ့ရဲ့ စိတ်၊ သူ့ရဲ့ လှုပ်ရှားမှုတွေက လုံးဝ လူကြီး လိုဖြစ် သွားတော့ ငါ့သမီးလေး လူကြီးလို ဖြစ်သွားပြီပေါ့နော်။ ကိုယ်က ချစ်လို့ မဝသေးဘူး သူကလူကြီးလေးဖြစ်နေပြီ ဆိုပြီးတော့တောင် နောက်နေ သေးတယ်''ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က