သက်မွန်မြင့်က မေမေ မရှိရင်ဘယ်လိုလုပ်မလဲလို့ အားချစ်ကို မေးလိုက်တဲ့အချိန်မှာ အားချစ် ပြန်ဖြေခဲ့တဲ့ စကားကြောင့် ဖြစ်ပေါ်လာတဲ့ သူမရဲ့ ခံစားချက်လေးကို ပြောပြခဲ့ပါတယ်။
Photo: သက်မွန်မြင့် (ပေ့ချ်)
သရုပ်ဆောင် သက်မွန်မြင့်တစ်ယောက် သားဖြစ်သူ အားချစ်ရဲ့ စကားကြောင့် ရယ်ရမလို၊ ငိုရမလို ခံစားချက်လေး ဖြစ်သွားတဲ့ ပုံပါပဲ။ ဒီလို သားသမီးလေးတွေ ကြောင့်လည်း သက်မွန်မြင့်တစ်ယောက် အမောပြေရတယ်လို့ ဆိုလာပါတယ်။
'' အားချစ်ကို မေးတယ်။ မေမေ မရှိတော့ရင် ဘယ်လိုလုပ်မလဲဆိုတော့ မေမေ့ထက်ချောတဲ့သူကို မေမေတော်လိုက်မှာပေါ့တဲ့။ အရမ်းချစ်ဖို့ကောင်း တဲ့ သားနော် ဟွန်း။ ဒီလို ချစ်စရာကောင်းတဲ့ သားတွေ သမီးတွေနဲ့ တစ်နေ့တနေ့ ဘယ်လို အချိန်ကုန် မှန်းမသိဘူး'' ဆိုပြီးတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီ ၂၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: သက်မွန်မြင့် (ပေ့ချ်)
သက်မွန်မြင့်ဟာ ချစ်စရာကောင်းတဲ့ သားကြီး အားချစ်နဲ့ သမီးငယ်လေး လဝန်းမေ တို့ကို ပိုင်ဆိုင်ထားတဲ့ မေမေ ဖြစ်ပါတယ်။ အားချစ်ကတော့ အခုချိန်မှာ မူကြိုတက်တဲ့ အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ သမီးငယ်လေး လဝန်းမေ ကတော့ အသက် ၂ နှစ်ရှိပါတယ်။ ချစ်စရာလည်းကောင်းပြီး လည်လွန်းတတ်လွန်းကြတဲ့ ကလေးလေး နှစ်ယောက်ဖြစ်ပါတယ်။
Photo: သက်မွန်မြင့် (ပေ့ချ်)
သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
Photo: သက်မွန်မြင့် (ပေ့ချ်)
သက်မွန်မြင့်က မကြာခဏဆိုသလို သားနဲ့ သမီးတို့ရဲ့ လည်လွန်း၊ တတ်လွန်းတဲ့ အကြောင်းတွေကို ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးလေ့ရှိသလို မီဒီယာ အင်တာဗျူးတွေမှာလည်း ဖြေဆိုလေ့ရှိပါတယ်။ မေမေ သက်မွန်မြင့်ကို ချစ်ကြတဲ့ ပရိသတ်တွေ ကလည်း သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းတို့ အပေါ်မှာလည်း အချစ်ပိုလို့နေပါတယ်။