အရမ်းကိုချစ်ဖို့ကောင်းတဲ့ မေမေပါ။

နေခြည်ဦးက မိခင်ဖြစ်သူရဲ့ အားပေးစကားကြောင့် သူမအတွက် မနက်ခင်းက အရမ်းကို ပျော်စရာကောင်းနေခဲ့ပါတယ်။ လက်ရှိမှာလည်း နေခြည်ဦးက နေတိုးနဲ့ ရုပ်ရှင်ရိုက်နေတာ ဖြစ်ပါတယ်။



Photo: Nay Chi Oo



နခြည်ဦးတစ်ယောက် မနက်စောစောစီးစီး မိခင်ဖြစ်သူရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးကြောင့် အရမ်းကို ပျော်ရွှင်သွားခဲ့ပါတယ်။ သူမအတွက်တော့ မေမေက အားပေးဖော်တစ်ယောက်ဆိုတာကို အခုလိုပြောပြခဲ့ပါတယ်။


’Shooting သွားရင် စိတ်အေးအေးထားတဲ့ ကြာပန်းလေး စိတ်လန်းအောင် ခူးပေးလိုက်တယ်။ Chillies တွေရှိတာ မမေ့နဲ့တဲ့။ ဪ... အပူအပင်ကင်းတဲ့ ကလေးလေး မေမေ’’ ဆိုပြီးတော့ မေလ ၁၆ ရက်နေ့ မနက် ၉ နာရီ ၅၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာရေးသားခဲ့ပါတယ်။ အဲဒီနောက် မေမေ ပေးလိုက်တဲ့ ကြာပန်းလေးနဲ့ မေမေ့ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Nay Chi Oo

နေခြည်ဦးက လက်ရှိမှာ သရုပ်ဆောင်နေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ 7Sense Production က ထုတ်လုပ်တာဖြစ်ပါတယ်။ မေလ ၃၀ ရက်နေ့မှာလည်း သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ဧည့်သည်’’ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသတော့မှာဖြစ်ပါတယ်။


Photo: Nay Chi Oo

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။



Photo: Nay Chi Oo

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က