ခင်ဇာခြည်ကျော်က အသက် ၄၃ နှစ်ပြည့်ပြီဖြစ်ပါတယ်။

မိခင်ဖြစ်သူကို အမြဲတမ်း Surprise လုပ်တတ်တဲ့ ဘုန်းမင်းနေလက အခုလည်း မေမေ့မွေးနေ့မှာ Surprise လုပ်လိုက်ပြန်ပါပြီ။ ခင်ဇာခြည်ကျော်ကတော့ သူမရဲ့ မွေးနေ့ကို ဇာတ်လမ်းတွဲရိုက်နေရင်း ဖြတ်သန်းခဲ့တာပါ။

Photo: Khin Zar Kyi Kyaw

ဘုန်းမင်းနေလ ကတော့ ဇွန်လ ၁၅ ရက်နေ့မှာ အသက် ၄၃ နှစ်ပြည့်ခဲ့တဲ့ မေမေခင်ဇာခြည်ကျော်ကို ‘’New Page’’ ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲရိုက်ကွင်းမှာ မွေးနေ့ Surprise လုပ်ခဲ့ပါတယ်။ ဒီ Surprise မှာတော့ အနုပညာမောင်နှမ များစွာတို့ကလည်း ပျော်ပျော်ရွှင်ရွှင်ပါဝင်ထားကြတာဖြစ်ပါတယ်။ အဲဒီနောက် မေမေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် အနမ်းတွေ ခြွေခဲ့ပြီး ပျော်ပျော်ပါးပါးစနောက်ခဲ့ကြပါသေးတယ်။

Photo: Khin Zar Kyi Kyaw

အဲဒီနောက် ခင်ဇာခြည်ကျော်ကလည်း သူမရဲ့ မွေးနေ့မှာ အမှတ်တရ ဖြစ်စေချင်တဲ့ မိတ်ဆွေ၊သူငယ်ချင်း တွေနဲ့ အနုပညာမောင်နှမတွေကို ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။

‘’ဇာရဲ့မွေး နေ့ကို ဆု တောင်း ပေးကြ တဲ့ မိသားစုများ ,,ပရိတ်သတ်များ,, Facebook friend များ ဆွေမျိုးများ၊ အား လုံး ကိုအထူး ကျေးဇူးတင်ပါတယ် ရှင်’’ ဆိုပြီးတော့ ဇွန်လ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့တစ်ရက်တာကိုတော့ ဇာတ်လမ်းတွဲရိုက်ကူးရေးလုပ်ရင်း ဖြတ်သန်းခဲ့တာပါ။  ခင်ဇာခြည်ကျော်က ‘’New Page’’ ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲကို MRTV-4 နဲ့ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမရဲ့ ကာရိုက်တာက ‘’ဒေါ်မေစီ’’ ဆိုတဲ့ ဇာတ်ကောင် ကာရိုက်တာပါ။ ဒီဇာတ်လမ်းတွဲကို ဇွန်လ ၁ ရက်နေ့ကတည်းက စတင်ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo: Khin Zar Kyi Kyaw

ခင်ဇာခြည်ကျော်ဟာ အမြဲတမ်း အလိုလို Surprise လုပ်တတ်တဲ့ သားဖြစ်သူ ဘုန်းမင်းနေလ အကြောင်းကို ပြောပြခဲ့ပါသေးတယ်။

‘’သူက အဲဒီလို ကြိုမပြောတတ်ဘူး။ အစ်မအရမ်းကြိုက်တဲ့ အင်္ကျၤီလေး တစ်ထည်တို့၊ နောက်ပြီးတော့ Birthday Cake ဆိုရင်လည်း ညဘက် ၁၂ နာရီလောက်မှထပြီးတော့ Birthday wish လုပ်တာတို့ အဲဒီလို surprise လုပ်တတ်ပါတယ်။ အမေများနေ့ဆိုရင်တော့ အမေကို ဆေးနဲ့ ကန်တော့တယ်’’ လို့ သူကဆိုပါတယ်။

Photo: Khin Zar Kyi Kyaw

သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေ တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က