Roar လေးတစ်ယောက် အလုပ်တွေပင်ပန်းနေတဲ့ မေမေ့ကို ‘’မိတ္ထီလာကန်’’ သီချင်းလေးဆိုရင်း ချော့သိပ်ခဲ့ပါတယ်။ Roar လေးက မေမေ့ကို ဘယ်လောက်အထိ ချစ်တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောပြထားပါသေးတယ်။
Photo: Su Pan Htwar
ဆုပန်ထွာကတော့ သူ့အတွက် လည်လွန်းတတ်လွန်း၊ လိမ္မာလွန်းတဲ့ သားလေးရဲ့ အကြောင်းကို မကြာခဏပြောပြလေ့ရှိတဲ့ မေမေပါ။ အခုလည်း Roar လေးက မေမေ့ကို သီချင်းဆိုပြရင်း မေမေ့လက်လေးကို သူ့လက်ကလေးနဲ့ ပုတ်ပြီး ချော့သိပ်နေပြန်ပါသေးတယ်။
‘’2 နှစ်နဲ့ 9 လ 2 ရက် Roar Roar! ကိုယ့်ပြန်ပြီးသီချင်းဆိုသိပ်နေတာ ရီချင်တာဆိုတာလေ။ သူ့တီမေကြီးရိုက်ပေးထားတာ’’ ဆိုပြီးတော့ ဇွန်လ ၁၈ ရက်နေ့ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ အဲဒီနောက် ‘’မိတ္ထီလာကန်’’ သီချင်းနဲ့ မေမေ့ကို ချောသိပ်နေတဲ့ Roar လေးရဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။
Photo: Su Pan Htwar
Roar လေးဟာ မေမေ့ကို အရမ်းချစ်တဲ့ သားလေးတစ်ယောက်ဖြစ်ပါတယ်။ မေမေ မရှိတဲ့နေ့တွေဆို မေမေ့ အင်္ကျီကို ကိုင်ပြီး အိပ်တတ်တဲ့ ကလေးလေးဖြစ်တယ်လို့ ဆုပန်ထွာက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ဖူးပါတယ်။
‘’ဖအေနဲ့တစ်ပုံစံတည်း၊တစ် ထေရာတည်းတူနေတတ်တဲ့သား။ သူ့ဒယ်ဒယ်က သူမမွေးခင်က တည်းက ကိုယ်နဲ့ခဏများခွဲရပြီဆို မိန်းမအိန်းကျႌလေး ယူယူပြီးကိုင်ကိုင်အိပ်တတ်တာ သူ့အဖေအကျင့်၊ သားမွေးလာတော့လည်း သားနဲ့ခဏခွဲရပြီဆို သူ့သားအကျႌ ခရီးသွားရင် ယူယူလာပြီး ကိုင်ကိုင်အိပ်တာအကျင့်။ အခု သူ့ဒယ်ဒယ်က ကိုယ်ခရီးသွားတော့ သူ့သားကိုယ့်အကျႌလေးကိုင်ပြီးအိပ်တယ်တဲ့ Viber ကနေပို့လာတယ်။ ကိုယ် မျက်ရည်လေးတောင်ဝိုင်းသွားတယ်’’ လို့ ဆိုပါတယ်။
Photo: Su Pan Htwar
ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။
Photo: Su Pan Htwar
ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။