ပိုးအိအိခန့်ဟာ အိမ်ထောင်ကျပြီးတဲ့နောက် မေမေ့လက်ရာ ပူတင်းလေးကို လွမ်းနေတဲ့အကြောင်းပြောပါတယ်။
Photo: Poe Ei Ei Khant
သရုပ်ဆောင် ပိုးအိအိခန့်က မေမေ လုပ်ကျွေးတဲ့ ပူတင်းလေးကို စားချင်စိတ်ပြင်းပြခဲ့ပါတယ်တဲ့။ သူမက ဘောလုံးအားကစားသမား အောင်သူ နဲ့ လက်ထပ်ထားသူလေးပါ။
‘’ငယ်ငယ်က အမေလုပ်ကျွေးနေကြ ပူတင်းလေး စားချင်လာလို့ လှမ်းမေးပြီး ချက်ချင်းထလုပ်စားလိုက်တယ်။ အမေ့လက်ရာတော့ မှီဘူးပေါ့’’ ဆိုပြီးတော့ မေလ ၇ ရက်နေ့ ည ၁၀ နာရီ မိနစ်၄၀ အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Poe Ei Ei Khant
အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကိုတော့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Photo: ပိုးအိအိခန့်
ပိုးအိအိခန့်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့သူလေးဖြစ်ပါတယ်။ သူမဟာ ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေ(မဟာဘွဲ့) ကို ရရှိထားသူပါ။ လက်ရှိမှာတော့ သူမက ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုသာ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ သိပ်မကြာသေးခင်က ပဲ ‘’တုနှိုင်းမဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးထားပါသေးတယ်။